Your-freedom မှာaccount ဖွင့် ပြီး poxyအလွယ်ကျော်ကြမယ်

Wednesday, December 4, 2013
 
your -freedom အကောင့် သစ်ဖွင့် ပြီး poxy ကျော်ကြမယ်။ poxy ကကျော်တယ်ဆိုတာဘာလဲ ....? poxy ကျော်တယ်ဆိုတာ ပိတ်ထားတဲ့  website တွေကိုဝင်ရောက်မရနိုင်တဲ့ အခါမျိုးမှာအသုံးပြုကြရပါတယ်။(ဥပမာ-  ) paypal account ကိုမြန်မာနိုင်ငံကနေဖွင့် မယ်ဆိုရင်ဒီနည်းလမ်းကိုအသုံးပြုပြီးဖွင့် နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။

၁။ Register လုပ်ဖို့အတွက် http://www.your-freedom.net/ ကို အရင်ဖွင့်လိုက်ပါ။

၂။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Click here to register ကို နှိပ်လိုက်ပါ။


နောက်ထပ် ထပ်ပွင့်လာတဲ့ Page ကို အောက်မှာပြထားပါတယ်။


Username: Your-freedom အကောင့်အတွက် username ကို ထည့်ပေးပါ။

Password: Your-freedom အကောင့်အတွက် Password ကို ထည့်ပေးပါ။

Repeat Password: အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ပြန်ထည့်ပေးပါ။

Email address: ကိုယ့်ရဲ့ Email လိပ်စာကို ထည့်ပေးပါ။

ပြီးရင် အောက်မှာ မြှားပြထားတဲ့ Check box တွေမှာ ကလစ်ပြီး Check လုပ်ပေးပါ။


အပေါ်မှာ ကိုယ်ရဲ့ အချက်အလက်တွေကို ထည့်ပေးရမယ့် နေရာကို ပြထားတာပါ။ အဲဒါတွေက လုံးဝ အရေးမကြီးပါဘူး။ အဆင်ပြေတာကို ထည့်ပေးနိုင်ပါတယ်။ မဖြည့်ဘဲနဲ့ ကျော်သွားလို့လည်း ရပါတယ်။ ပြီးရင် Submit ကို နှိပ်ပေးပါ။

ပြီးရင် ကျွန်တော်တို့အပေါ်မှာ ထည့်ပေးခဲ့တဲ့ Email လိပ်စာဆီကို အီးမေးပို့လိုက်တယ်ဆိုတဲ့ Page တက်လာပါလိမ့်မယ်။


မေးထဲကိုသွားပြီးတော့ Your-freedom ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ မြှားပြထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ ပြီးရင် အကောင့်ကို Activation လုပ်ခိုင်းတဲ့ Page တက်လာပါလိမ့်မယ်။
ပြီးရင် Username နဲ့ Authorization code ကို အီးမေးထဲကနေ ကော်ပီကူးထည့်ပြီး Activate account ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ကျွန်တော့်တို့ Register လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။
ပြီးရင် ကျွန်တော်တို့ ကွန်ပြူတာမှာ Your-freedom ဆော့ဝဲကို install လုပ်နိုင်ဖို့အတွက် Downloads ကို နှိပ်ပေးပါ။ 


ကိုယ့်ကွန်ပြူတာ OS နဲ့ ကိုက်ညီမယ့် Installer ကို ရွေးပြီး download လုပ်ပြီး install လုပ်ပြီး အသုံးပြုလို့ ရပါပြီ။

credit -to naing aung soe
Read more ...

Facebook ဆိုတာ

Wednesday, December 4, 2013



fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။

ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။

မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။

တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။

အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
 

ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။
Read more ...

Cool Photo Transfer (ဖုန်းနှင့် ကွန်ပြူတာ ကြိုးမဲ့ဓါတ်ပုံပို့နည်း)

Wednesday, December 4, 2013
လုံးဝ အလန်းကြီးဗျာ။ ဖုန်းထဲက ဓါတ်ပုံများကို ကွန်ပျူတာသို့ ..ကြိုးမဲ့ ပို့နိုင်မယ့် photo transfer app လေးပါ။ ဖုန်းနဲ့ကွန်ပျုတာကို wifi ချိတ်ပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကွန်ပျူတာမှာ Cool Photo Transfer server ဆော့ဝဲကို ထည့်ရပါမယ်။ ဆော့ဝဲ ထည့်ပြီးရင် ဖုန်းထဲမှာ install လုပ်ထားတဲ့ App နဲ့ ..ချိတ်ဆက်ရမှာဖြစ်ပါတယ်။ 
ဖုန်းကနေ wifi hot spot လွှင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာထဲက server software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ ဖုန်း App ထဲက Manual Connect ကို နှိပ်ပြီး server software ကနေ ဖော်ပြထားတဲ့ IP နံပါတ်များကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ကွန်ပျူတာ နဲ့ချိတ်ဆက် လို့ရသွား ပါပြီ။ ချိတ်ပြီးသွားရင် ဖုန်းထဲက ပုံများကို ကွန်ပျူတာဆီ ပို့လို့ရပါပြီ။ 
ပို့လို့ရတဲ့ပုံစံတွေက အလန်းကြီးတွေဗျာ။ ပုံများကို ဘေးကို တွန်းထုတ်လိုက်ရင် ကွန်ပျူတာထဲမှာ Animation လေးနဲ့ ၀င်သွားတယ်။ ဖုန်းကို shake လုပ်ရင်လဲ ကွန်ပျူတာထဲမှာ ပုံလေးက တုန်ခါ သလိုဖြစ်ပြီး ၀င်လာတယ်။ အသံနဲ့တောင် ပို့လို့ရသေးဗျာ။ ဖုန်း mic နားကို လက်ခုပ်တီး(သို့)လေချွန်ရင် ပုံပို့လို့ရတယ်။ 
ကွန်ပျူတာ မော်နီတာဆီကို ဖုန်းကို မျက်နှာချင်းဆိုင် ထိလိုက်ရင်လဲ ပုံပို့လို့ရတယ်။ လန်းမှလန်း .. နာမည်နဲ့လိုက်ဖက်အောင် ပို့ဆောင်ပုံတွေက လန်းလွန်းပါတယ်။ Zoom in , Zoom out ကိုတောင် ဖုန်းကနေ လှမ်းလုပ်နိုင်တယ်။Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ ကြိုက်ရင် ဆွဲထားကြနော်။
အားလုံးအဆင်ပြေပါစေ.......။
Read more ...

Android ဖုန်းပေါ်မှာလက်တွေ့ အသုံးချပညာ(မြန်မာလို)

Wednesday, December 4, 2013
Android ဖုန်းကိုအသုံးပြုနေတဲ့ လူတိုင်းဖတ်သင့် တဲ့ စါအုပ်ကလေးတစ်အုပ်ကိုဒီနေ့ မိတ်ဆက်ပေးပါရစေ။
ဆရာသန်းထိုက်(ရွှေရိပ်) ရေးသားထားတဲ့ android ဖုန်းပေါ်မှာလက်တွေ့ အသုံးချပညာ ebook ကလေးမှာအခြေခံကနေစပြီးအဆင့် မြင့် အထိသင်ကြားပြသပေးထားတဲ့ စာအုပ်ကလေးပါ
အားလုံးပဲဖတ်ထားသင့် တယ်လို့ ထင်ပါတယ်။စာအုပ်ထဲမှာ android ရဲ့  setting ပိုင်းကိုလေ့ လာခြင်း။
application ထည့် သွင်းနည်း။root လုပ်ခြင်း ။android ရဲ့  custon ROM ကိုလေ့ လာခြင်း။မရှိမဖြစ်သိထားသင့် သောapplication များအကြောင်းနှင့် အဆင့် မြင့် နည်းပညာများအကြောင်းကိုအခြေခံကနေစပြီးရေးသားထားတာကိုအခန်းပေါင်းများ
စွာဖြင့် တစ်ဆင့် ခြင်းတစ်ဆင့် ဖတ်ရှု့ နိုင်မှာဖြစ်လို့ လက်မလွတ်သင့် တဲ့ စာအုပ်ကလေးပါ။ဒေါင်းလုပ်ယူမယ်ဆို
ရင်တော့ ဖိုင်ဆိုဒ် ( 20 ) mb ပါ။
Read more ...

Android ဖုန်းတွေအတွက် WADA Wi-Fi Maps - Free Wifi

Wednesday, December 4, 2013
Android ဖုန်းကိုင်ထားတဲ့ မိတ်ဆွေတွေအတွက်အရမ်းအရမ်း ကိုအသုံးဝင်မဲ့ WADA Wi-Fi Maps - Free Wifi လေးပါ ( 24.9.2014 ) ရက်နေ့ ကမှ developer က google play store ပေါ်မှာအသစ်တင်လိုက်ပါတယ်အသုံးဝင်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ဒီကောင်လေးရဲ့ လုပ်ဆောင်ချက်တွေကတော့ အနီးအနားမှာရှိတဲ့  wifi hotspots တွေကိုရှာပေးခြင်း။ရှယ်ယာလုပ်ပေးခြင်း500,000,000 hotspots  တွေကိုအလိုအလျောက်ရှာဖွေပေးပါတယ်။စတာတွေကိုလုပ်ပေးပါတယ်။မိမိတို့ အလုပ်တစ်ခုခုကိုလုပ်တဲ့ 
အခါ (ဥပမာ-video call ခေါ်နေတဲ့ အချိန်အခါမျိုး ဖြစ်စေ ရုပ်ရှင်တွေကြည့် တဲ့ အချိန်ဖြစ်စေ စသည်အချိန်မျိုးမှာ )
ကွန်နက်ရှင်ကိုလိုအပ်သလိုမြှင့် ပေးနိုင်လို့ လိုင်းမကောင်းဖြစ်နေတဲ့ မိတ်ဆွေတွေအဆင်ပြေပြေ
အသုံးပြုနိုင်ရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။၁၀၀% working ပါ။(မှတ်ချက်-wifi  hacking ) မဟုတ်ပါခင်ဗျာ။မည်သည့် ဖုန်းအမျိုးအစားနှင့် မဆိုကိုက်ညီမှုရှိပြီးဖိုင်ဆိုဒ် ( 1.9 -mb ပါ)
ခင်ဗျာ။google play store ကနေလည်းယူလို့ ရသလိုဒေါင်းလုပ်ယူနိုင်အောင်လို့ လည်း
စီစဉ်ထားပေးပါတယ်ခင်ဗျာ။





Download  ;  link-1  ; link-2
Read more ...

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့် ထည့်ချင်တဲ့သူငယ်ချင်းတွေ ဒီနည်းကို စမ်းကြည့်ပါ။

Wednesday, December 4, 2013
အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များက Nokia Lumina (Windows Phone) တွေ မြန်မာဖောင့် ထည့်ချင်တယ်။ ထည့်နည်းတွေ မေးနေကြတာ များလို့ ဆိုဒ်တွေမှာ နည်းလိုက်ရှာရင်း အလင်းသစ်   ဆိုဒ်မှာ ဒီနည်းလေးတွေ့လို့ မူရင်းအတိုင်း ပြန်ရှယ်လာခဲ့တာပါ။ တစ်ခုရှိတာက ဒီနည်းကို ကျနော်ကိုယ် တိုင် စမ်းသပ် ဖို့က Nokia Lumina ကိုင်မထားလို့ မစမ်းရသေးပါဘူး။
ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ကြပါ။ တခု သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရ တာဟာ အိပ်ရေး ပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုအဆင်မပြေ ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေး ချင်ပါတယ်။ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ။ 
အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်း သပ်နိုင် လို့ နားလည်ပေးစေချင် ပါတယ်။ အောက်က ပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲ ကော်ပီပြီး ပြန်လည်မျှဝေပေး လိုက်တာပါ။ တခုခု အဆင်မပြေလို့ မေးချင်တယ်ဆိုရင် ပိုစ်ရေးသားသူ ပိုင်ရှင် aung575@gmail.com ကို အက်ပြီး မေးမြန်းနိုင်ပါတယ်။
************************************************************************
အီးမေးလ်ကရော ဖုန်ဆက်ပြီးပါ ကျွန်တော့်ဆီကိုမေးထားတဲ့ မေးခွန်းလေးတခုပါ။ အခုလဲ Cbox မှာ ညီ တယောက်ကမေးလာပြန်ပြီ။ အရင်ကတော့ "မြန်မာ နည်းပညာ ဘလော့တွေမှာ ရှာဖတ် ကြည့်ပါ " လို့ အလွယ်ဖြေခဲ့ပေမဲ့ နေ့စဉ်ဆက်တိုက်မေးလာကြလို့ ကျွန်တော် ဒီပို့စ်လေးကို ရေး လိုက်တာပါ။

ဒီမေးခွန်းအမေးမခံရစဉ် ကောင်လေးတယောက်ကို Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့် ပေးခဲ့ ဖူး ပါတယ်။ အဲဒီတုံးကလဲ Microsoft Windows Phone Store မှာ (၁)နာရီနီးပါးမွှေနှောက်ပြီး မှ ထည့်ပေးလိုက်နိုင်တာပါ။
Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်တာ အဆင်ပြေလို့ ကျန်တဲ့ Windows ဖုန်းတွေမှာလဲ
(အထူးသဖြင့် Nokia Lumina Series ) အဆင်ပြေမယ် ယုံကြည်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကဲ..နဲနဲလေရှည်သွားပြီ..မြန်မာဖေါင့်ထည့်ကြည့်ရအောင်...
အဆင့်(၁) Install လုပ်ခြင်း
(1) မြန်မာဖေါင်ထည့်ရန် မိမိသုံးတဲ့ Nokia Lumina (Windows Phone) မှာ အင်တာနက်ဖွင့်ထားပါ။
(2) ဖုန်းဖြင့်အောက်ကလင့်အတိုင်း ဝင်ပြီး ZG Text ကို ဖုန်းမှာအင်စတောလုပ်ပါ။
             ZG TexT    Link
(3) ပြီးရင် ဖုန်းကို Reboot လုပ်ပါ။ဖုန်းပြန်ပွင့်လာရင် မြန်မာဖေါင့်ကို မြင်ရပါပြီ။
(4) Windows Phone ဖြစ်တဲ့အတွက် Keyboard သီးသန့် အင်စတောလုပ်ဘို့ မလိုပါ။
     (Microsoft/Windows Phone/Store/App မှာလဲ မြန်မာကီးဘုတ်မရှိပါ။ZG Text တခုထဲသာ
      Supported လုပ်ထားပေးပါတယ်။)
အဆင့်(၂) Copy and Paste လုပ်ခြင်း
(1) မိမိ မြန်မာလို အသုံးပြုချင်တဲ့ App(Phone Memory>>Data>>Application>>)မှာ ZG Text
     ကို copy and paste လုပ်ပါ။(ဥပမာ Facebook/Meessenger/Gtalk...စသဖြင့်)
     ဒါဆိုရင် Nokia Lumina ဖုန်းမှာ မြန်မာလိုဖတ်လို့ရပြီဖြစ်သလို မြန်မာလိုလဲ ရိုက်လို့ ရပါပြီ။  
     အဆင်ပြေ..ပျော်ရွှင်ကြပါစေဗျာ...။

 အားလုံးအဆင်ပြေပါစေ.......။
Read more ...

Computer ပေါ်မှာ Andriod App Icon ပေါ်စေတဲ့ ဆော့ဝဲလ် (For Window XP,7,8)

Wednesday, December 4, 2013
ကွန်ပြူတာထဲမှာ Andriod ဖုန်းဆော့ဝဲလ် Icon ကို မမြင်ရတဲ့ သူငယ်ချင်းတွေ ဒီဆော့ဝဲလ် လေး ဒေါင်း ထားပါ။ ပုံမှာပြထားတဲ့အတိုင်း APK ဖိုင်ရဲ့ Icon အားလုံး ကွန်ပြူတာမှာ မြင်ရမှာ ဖြစ် ပါတယ်။ အရမ်းကို အဆင်ပြေပါတယ်။ ကြိုက်ရင် အောက်ကလင့်မှာ ဒေါင်းထား နော်။
Read more ...