Root Access ရှိတဲ့ ဖုန်းတိုင်းအတွက် : Rom Manager (Premium ) V 5.5.3.2 APK

Saturday, November 30, 2013
 
Root ဖောက်ထားတဲ့ Android user တွေအနေနဲ့ ဆောင်ထားသင့်တဲ့ application တစ်ခုလို့ကျွန်တော်ကတော့ ယူဆမိပါတယ်။ Rom တွေကို version တစ်ခုပြီးတစ်ခုပြောင်းလဲ
အသုံးပြုတတ်တဲ့သူတွေအတွက်တော့ တကယ့်ကိုကောင်းတဲ့ application လေးတစ်ခုပါ။ ပုံမှန်ကျွန်တော်တို့ Firmware တစ်ခုကို update လုပ်မယ်ဆိုရင် power ကိုပိတ်ပြီး
recovery mode နဲ့ဝင်ကာ ကိုယ် install လုပ်ထားတဲ့ firmware update zip file လေးကို ရွေးပေးပြီး firmware တွေတင်တာ၊ update လုပ်တာတွေကို လုပ်ဆောင်ရပါတယ်။
အခုတော့ ဒီ application လေးတစ်ခုရှိရုံနဲ့တင် ကိုယ်လိုအပ်တဲ့ firmware ကို power တွေပိတ်စရာမလို၊ recovery mode တွေဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ROM တွေကို
တင်တာချတာတွေကို လုပ်ဆောင်နိုင်ပါပြီ။ ဒါ့အပြင် ROM အသစ်မတင်ခင်မှာလဲ ရှိပြီးသား အဟောင်းကို Automatic Backups လုပ်ပေးထားတာကိုတွေ့ရတဲ့အတွက် အကောင်းမွန်ဆုံး
စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာမလွဲပါပဲ..ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ထပ်မံသတိပေးပါရစေ။ ဒီ application လေးက Huawei phone နဲ့ဆိုရင် အနည်းငယ် ချို့ယွင်းချက်ရှိတာကို
တွေ့ရပါလိမ့်မယ်။ များသောအားဖြင့် နာမည်ကြီး brand model phone အမျိုးအစားတွေမှာပဲ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

ဒီ application လေးကိုအသုံးပြုလိုသူတွေအနေနဲ့ android version 2.2 နဲ့အထက်ရှိရုံနဲ့အသုံးပြုနိုင်ပါပြီဗျာ။ 




အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 

Download Here

အားလုံးအဆင်ပြေကြပါစေ..

Aung Ko Htet
Read more ...

FACEBOOK USER ဖြစ်ရခြင်း

Saturday, November 30, 2013
FACEBOOK USER ဖြစ်ရခြင်း

မင်္ဂလာပါခင်ဗျာ.........

အခုကျွန်တော် ချစ်ပရတ်သတ်တွေကို
FACEBOOK နဲ့ပတ်သတ်ပြီးပြောပါရစေ..

အခုတလော FACEBOOK အကောင့်
ပိုင်ရှင်တွေသတိထားစရာလေးတွေကို
ရေးသားပေးလိုက်ချင်ပါတယ်။
မိမိအကောင့်ထဲက FRI တွေ
FACEBOOK USERတွေဖြစ်ဖြစ်နေကြတာသတိထားမိ
မှာပါ။

အဲ့လိုပဲ ကျွန်တော်အကောင့်ထဲမှာလဲ
Facebook user တွေအများကြီးဖြစ်ကုန်
ကျပါတယ်။ facebook user ဆိုတာ
lock ကျသွားတာပါ။ မိမိ ရဲ့ friend အကောင့် Lock ကျသွားခြင်းပါပဲ။
တစ်ချို့လဲသိသလို တစ်ချို့လဲမသိကျပါ
ဘူး။ မသိသေးသော သူငယ်ချင်းများအတွက် ရေးသားလိုက်
ခြင်းဖြစ်ပါတယ်။

ဘာလို့lock ကျရလဲ...
ပရိတ်သတ်တို့ .....

ဒီလိုပါဗျာ.. မိမိက new friend တွေ
တစ်နေ့ထဲ အသာကုန်အပ်ချင်းကြောင့်လဲအဖြစ်များပါတယ်။
နောက်တစ်ခုက မိမိ အကောင့်ကို
LogOff မလုပ်ပဲ အင်တာနက် (သို့)မိမိ
အသုံးပြုနေသော စက်ကို တန်းပိတ်မိခြင်း
တွေကလဲ 50% Lock ကျဘို့သေချာနေ
ပါတယ်။
နောက်တစ်ခုက Pc စက်မှာ Facebook
အကောင့် တစ်ခုထက် ပိုသုံးမိခြင်းကြောင့်
ကလဲ 50% ပါပဲ။

နောက်တစ်ခုကတော့ မိမိအကောင့်ကို
တစ်နေ့ထဲ တွေ့ရာ အင်တာနက်ဆိုင်ထိုင်
ဒီဆိုင်မှာဖွင့်လိုက် ဟိုဆိုင်မှာ ဖွင့်လိုက်နဲ့
အထူးမလုပ်ပါနဲ့ဗျာ... တစ်သက်မက်ထဲ
သုံးပါ။

နောက်ဆုံးအနေနဲ့ကတော့ မိမိအကောင့်ကိုသုံးနေလျှက်နဲ့
သူ့ဟာသူ LogOff ဖြစ်သွားတာကတော့
မိမိအကောင့်ကို Hack သွားတာလဲ
ဖြစ်နိုင်ပါတယ်။ Fb အကောင့် LOCK
ကျတာမှန်ရင် မိမိသုံးနေစဉ် ဘယ်တော့
မှ LOGOFF ဖြစ်မသွားပါဘူး။
LOCK ကျတာဟာ မိမိအသုံးပြုဘို့ အကောင့်ဖွင့်နေစဉ်မှာ ERROR တစ်စုံ
တစ်ခုပေါ့လေ ဥပမာ Fri ပုံတွေနဲ့ နာမည်
ကို တွဲခိုင်းတို့ဘာတို့ပေါ့လေ....စသည်
ဖြင့်ပေါ့ဗျာ... ဒါမှ LOCK ကျတာအစစ်ပါ။
အဲ့ဒါမျိုးဆိုရင် တိုင်ပတ်ပါလေရောဗျာ..

ဒါတွေကတော့ကျွန်တော်သိသလောက်ပါ
ကျန်တာတော့ အဖြစ်များမယ်မထင်ဘူး။
အခုကျွန်တော်ပြောခဲ့တာတွေက LOCK
ကျဘို့ 50% နှင့် 50% အထက်တွေပါ။

ကျွန်တော်အကောင့်ထဲမှာ LOCK
ကျသူတွေမနည်းပါဘူး စိတ်မကောင်းဖြစ်
မိပါတယ်......
ကဲ FUN များအားလုံး ရှောင်သင့်တာလေးကို ပြောပြ ပြီးပြီနော်..
FB LOCK ကျခြင်းမှ ကင်းဝေးကြပါစေ....
Read more ...

ph ပေါ်မှာFacebook အကောင့်အများကြီးတွေသုံးချင်ပါတယ်ဆိုတဲ့ကိုယ်တော်တွေအတွက်ပါ။

Saturday, November 30, 2013
Facebook အကောင့်အများကြီးတွေသုံးချင်ပါတယ်ဆိုတဲ့ကိုယ်တော်တွေအတွက်ပါ။ ဖုန်းထဲမှာ Photo comment ပေးချင်လည်း အရမ်းလွယ်ကြောင်းပြောတာပါ။ နောက်ပြီး အထစ်အငေါ့နည်းလောက်တဲ့ Browser ကိုလိုချင်ရင် အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။







Download => Link 1 / Link 2 / Link 3
Read more ...

facebook အကောင့်  hack ခံရသူများ ပြန်လည်ရယူနည်း

Saturday, November 30, 2013
facebook အကောင့်  hack ခံရသူများ ပြန်လည်ရယူနည်းအသစ်.....ဒီနည်းလမ်းလေးကတော့  ကျွန်တော်တစ်ခါမှမရေးဘူးသေးပါဘူး.... မိမိတို့ အကောင့် ကို တစ်စုံတစ်ယောက် က တတ်နိုင်လို့  email ချိန်း လိုက်ရင်တောင်မှ ဒီနည်းလမ်းနှင့် ပြန်လည်ရယူလို့ ရပါတယ်ခင်ဗျာ။ facebook က သက်ညှာစွာနှင့် မိမိ ရဲ့  facebook အကောင့် ကို ပြန်လည် ရယူဖို့ အတွက် ( recovery ) လုပ်ဖို့ အတွက် 
နည်းလမ်းတွေပေးထားပါတယ်။လေ့ လာကြည့် လိုက်ပါ။
Step 2: My Account is Compromised ဆိုတာကိုနိုပ်ပါ။
 report hacked account
Step 3:  ဒီစာသားလေးကိုနိုပ်ပါ။ I can’t identify my account
Step 4: အောက်မှာပြထားတဲ့ ပုံလေးထဲမှာမိမိရဲ့ အချက်အလက်တွေကို ဖြည့် သွင်းပေးပါ။

Step 5: အချက်အလက်တွေမှန်ကန်ပြီဆိုပါက Submit ကိုနိုပ်ပါ။
facebook အကောင့် ကို့ recovery လုပ်လို့ ရပါပြီ။
နောက်ထပ်နည်းလမ်းများ
Step 1: ဒီကိုသွားလိုက်ပါ။  http://www.facebook.com/hacked/

Step 2:ဒီစာလေးကိုနိုပ်ပါ.My Account is Compromised


Step 3: မိမိအသုံးပြုတဲ့  email or phone number နှင့်  Facebook account (သို့  ) Facebook username, (သို့  ) သင့် ရဲ့ Facebook နာမည်နှင့် သူငယ်ချင်းရဲ့ နာမည် ကိုနိုပ်ပါ
Step 4:  Searchကို နိုပ်ပြီးရှာပါ။
Step 5:passwordအဟောင်းကို ပြန်ထည့် ပေးပါ.

Step 6: secure your accountဆိုတာရှာပြီး  Continueကိုနိုပ်ပါ။
Step 7: password အသစ်ထည့် ပေးပါ။

facebook အကောင့် ကိုပြန်လည်ရယူနိုင်ပါပြီ။


facebook နှင့် ပက်သက်ပြီး ဆက်လက်လေ့ လာရန် ဒီကိုသွားပါ။
Read more ...

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

Saturday, November 30, 2013
Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....

နည်းလမ်းကတော့.... အရင်ဆုံး (IDM)  Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...

File types  မှာပုံထဲကအတိုင်း Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)


 OK နှိပ်ပြီး Save လိုက်ပါ...။

ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...


ပြီးရင် ဒီ Link ကို  http://apps.evozi.com/apk-downloader/   နှိပ်လိုက်ပါ...

Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
 

Generate Download Link ကို နှိပ်လိုက်ပါ...

ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
 
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...

အဆင်ပြေကြပါစေ...
Credit >>> ကိုဝင်းကမ္ဘာကျော်
Read more ...

jellay brean 4.1.2 တွေအထက်မှာမြန်မာစာမှန်ပြီ

Saturday, November 30, 2013
Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D


Credit to : https://www.facebook.com/fepfz
Read more ...

android ဖုန်းတွေမှာ wifi ပြန်လွင့် ချင်တဲ့ မိတ်ဆွေတွေအတွက်

Saturday, November 30, 2013
android ဖုန်းတွေမှာ wifi ပြန်လွင့် ချင်တဲ့ မိတ်ဆွေတွေအတွက် ပါ။ အလွန်အင်မတန်မှ ကိုရိုးရှင်းပြီး အသုံးပြုရတာလည်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။အကြောင်းအမျိုးမျိုးကြောင့် စမ်းသပ်ချင်တဲ့ 
မိတ်ဆွေတွေအတွက်ပါ သိထားတာလေးကိုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။
ဒီနေရာမှာ android ဖုန်းတိုင်းနှင့် ကိုက်ညီမှု ရှိမရှိဆိုတာကတော့  အတိအကျပြောလို့ မရနိုင်တာ
ကိုနားလည်ခွင့် လွတ်ပေးကြပါခင်ဗျာ။ သေချာတာကတော့  မိမိတို့ စမ်းသပ်မယ်ဆိုရင်လည်း
အချိန်သိပ်မကုန်ပဲနှင့် တစ်နေရာတည်းမှာ အဆင်ပြေနိုင်ပါတယ်။
လေ့ လာချင်တယ်ဆိုရင်တော့ အောက်မှာ ကြည့် ပေးပါခင်ဗျာ။
(အဆင့် -၁) android ဖုန်းကို main menu ကနေ  setting ကိုသွားပြီး Wireless and networks ကိုသွားပါ။ အောက်မှာပုံနှင့် ကြည့် နိုင်ပါသည်။
1.


(အဆင့် -၂ )  Tethering and the portable hotsopt option မှာ the portable Wi-Fi hotspot ကိုရွေး ပေး ပါ ။
1..


(အဆင့် -၃ )  configure portable Wi-Fi hotspot ကိုနိပ်ပြီး နာမည်နှင့်  password ပေးပါ။

1...

( အဆင့်  - ၄)  အပေါ်မှာ နာမည်နှင့် password များပေးပြီးပါက Wi-Fi hotspot ကိုစစ်ဆေးပေးပါ။
  
မိမိတို့ လက်တော့ ဖြစ်ဖြစ် ဖုန်းမှာဖြစ်ဖြစ် မိမိဖန်တီးခဲ့ သော SSID  name ကိုမြင်တွေ့ ရပါက အောင်မြင်စွာပြီးဆုံးသွားပါပြီ။
Read more ...

System Optimize Expert Pro v3.3.5.8 Full

Saturday, November 30, 2013
System Optimize Expert ကတော့ကွန်ပြုတာထဲကမလိုအပ်တဲ့
ဖိုင်တို့ကို ရှာဖွေ၊ ရှင်းလင်းပြီး စက်ကိုမြန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်၊
ကွန်ပြုတာသုံးနေတုန်း crashမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်၊
ကိုယ်ရဲ့အချက်အလက်တွေကိုလုံခြုံအောင်လည်း IE history၊ recent doc history၊ search history တွေကိုအချိန်သတ်မှတ်ပေးပြီးတော့ရှင်းလင်းနိုင်ပါတယ်၊ ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက်အပြည့်အစုံကိုအောက်မှာဖတ်နိုင်ပါတယ်၊အားလုံးအဆင်ပြေပါစေ။
Download >> Link 1 / Link 2
Key Features:

Overall scanning & repairing:
System Optimize Expert's reliable scanning covers your entire system, giving your PC the full-scale protection by repairing all the errors invalid registry entries, system problems and so on.

System improving: Acting as your private doctor, System Optimize Expert is capable of offering professional diagnosis and treatment to ensure a stable and smooth system and keep it at peak performance.

Offering the easiest operation:

You need not to be a computer talent to handle all its functions, as running System Optimize Expert is as simple as ABC. Try it, you will be totally impressed by its neat interface and solid features.

Free version available:
Not just trial version. It's 100% free for your lifetime usage and upgrades. The scan, repair, optimization, etc. are also available.

Automating protection
Enable the Automated Scan and Sweep, and you can also set a schedule of when and how often System Optimize Expert is about to launch. So you can enjoy the real-time protection without your trouble of clicks.

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
Read more ...

iphone & ipad မှာ အကောင့်များများနဲ့ပွားချင်သူတွေအတွက် IM+ Pro 7.3

Friday, November 29, 2013
http://itunes.apple.com/မှာ 7 ဒေါ်လာပေးရပါတယ်
Download>>>mediafire (or)go4up
Read more ...

IDM has been Fake Serial Number ဖြေရှင်းနည်း

Friday, November 29, 2013
IDM 6.18 .build 7 ကစတင်ပြီး
IDM has been Registered With a Fake Serial Number 
ဆိုတာကြီးက အတော်ကို အာရုံနောက်စေပါတယ်..
ကုစားနည်းပေါင်းစုံလည်း အဆင်မပြေသလို..
patch ပေါင်းစုံ ပြောင်းကြည့်လည်း မထူးပါဘူး.
ရှာတွေ့တော့လည်း တကယ်ကိုလွယ်လွယ်ကူကူပါပဲ..
အရင်ဆုံး C:\Program Files (x86)\Internet Download Manager
ကိုသွားလိုက်ပါ..အဲဒီက IDMGrHlp ဆိုတဲ့ဖိုင်..
ပုံကိုကြည့်ပါ..
 
အ၀ါရောင်တားထားပြီး မြှားပြထားတဲ့ ဖိုင်ကို 
Right click ပေးပြီး Delete လုပ်လိုက်ပါ..
IDM has been Registered With a Fake Serial Number 
ဆိုတာကြီးနောက်မတတ်တော့ပါဘူး..။
မလုပ်ခင်  IDM ကို Exit လုပ်ထားပါ
ဖျက်ပီးတာနဲ့ဖွင့်လိုက်ရင် 
ဆိုတာလေးတော့ ပေါ်လာမယ် ပိတ်လိုက်ပါ 
IDM has been Registered With a Fake Serial Number 
ဆိုတာ မတက်လာတော့ဘူး  IDM အသစ်ဖွင့်တိုင်း အပေါ်ဘောက်လေးတော့
ပေါ်လာမယ်နော် 
မှကူးယူဖော်ပြသည်
Read more ...

CD, DVD ခွေတွေကို virtual image ရိုက်ပြီးအသုံးပြုနိုင်တဲ့ Power ISO version 5.8 (Crack Version )

Friday, November 29, 2013
Power ISO တဲ့ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေကြတဲ့ သူတွေနဲ့ ကွန်ပျူတာ အသုံးများတဲ့ မိတ်ဆွေတွေကတော့ သိကြမှာပါ။ ကျွန်တော်လည်း အရင်တုန်းက ဒါကို ဘာအတွက် အသုံးပြုတယ် ဆိုတာ ကိုမသိပါဘူး။ အခုမှ ဒီ software လေးက virus ရန်ကနေ တော်တော်ကာကွယ်ပေး မှန်း သိလိုက် ရတော့ အသုံးဝင်မှန်းသိလာခဲ့ပါတယ်။ ကျွန်တော်တို့ CD တွေ DVD တွေကို ကွန်ပျူတာထဲကိုကူးလိုက်တဲ့ အခါမှာ ကျွန်တော်တို့ကူးထည့်လိုက်တဲ့ CD , DVD တွေထဲမှာ ပါလာတဲ့  virus တွေက စက်ထဲမှာ ရှိပြီး သား CD, DVD တွေကို တိုက်ခိုက်ဖျက်စီးတော့တာပါပဲ။
ဒါပေမဲ့ ဒီ Power ISO ဆိုတဲ့ software လေးကို အသုံးပြုထားမယ်ဆိုရင် ဒီ software က CD ,DVD တွေရဲ့ ပုံတွေကို virtual image အဖြစ်ပြောင်းလဲ လိုက်တဲ့ အတွက် virus တွေတိုက်ခိုက်ဖျက်စီး မှုရန်ကနေ ကင်းဝေးသွားတာကိုတွေ့ရပါတယ်။ CD, DVD တွေမှာ ပါလာတဲ့ virus တွေကို အကောင်းဆုံးကာကွယ်ပေးမဲ့ software တစ်ခုလို့လည်း ပြောနိုင်ပါ တယ်။ ကျွန်တော်တစ်ခါတည်း 32 bit , 64 bit နှစ်မျိုးစလုံးကို တင်ပေးလိုက်ပါတယ်။ Full Version ဖြစ်အောင် လုပ် ဖို့အတွက် Keygan file လေးတွေ ကိုလည်း Note pad နဲ့ရော application အနေနဲ့ရော နှစ်မျိုးလုံးတင်ပေးထားပါတယ်။   
 
 အောက်က link ကနေ download လုပ်နိုင်ပါတယ်။ 


အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet
Read more ...

Internet Download Manager

Friday, November 29, 2013
Internet Download Manager အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
11လပိုင်း 27 ရက်နေ့မှာ အပ်ဒိတ်လေးထွက်လာပါပြီ .....
Fack Serial Number ဖြစ်မဖြစ် စမ်းပြီး အဆင်ပြေလို့တင်ပေးလိုက်ပါတယ် 
 အသုံးပြုမယ့်သူငယ်ချင်းများ
အနေနဲ့ အောက်ကလိပ်စာမှာရယူုနိုင်ပါတယ် 
 
 
သူမှာလိုင်စင်ရဖို့အတွက် Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်
Patch ဖိုင် က တစ်ချို့သော Fre antivrius တွေနဲ့မတည့်တာမျိုးဖြစ်တတ်ပါတယ်
အဲလိုဖြစ်တဲ့အခါ antivrius ခဏပိတ်ထာပေးပါ 
 
  Install လုပ်နည်းကတော့
IDM အဟောင်းကို ဖွင့်ပြီး Exit လုပ်လိုက်ပါ ပြီးရင် ဒေါင်ထားတဲ့ ဆော့စ်ဝဲလ်ကိုသွင်းပါ
ပြီးသွားရင် စက်ကို restar လုပ်ခိုင်းပါမယ် မလုပ်ပါနဲ့  အဲဒါဆို 
သူလိုင်စင်တောင်းတဲ့ ဘောက်လေးပေါ်လာပါ့မယ် Cancel လုပ်လိုက်ပါ
ပြီးရင် ပါလာတဲ့ Patch ဖိုင်ကိုဖွင့်
 Generate ကိုကလစ် ပြီးတော့ Patchကို ကလစ် 
C:\Program Files\Internet Download Manager\ သွားပြီး ပုံမှာ ပြထားတဲ့
အတိုင်း ရွှေးပြီး Open လိုက်ပါ   ပြီးရင် Auto reg ကိုကလစ် 
ပြီးရင် ဆောစ့်ဝဲလ်ကိုဖွင့်လို့ရပါပီ
Read more ...

Android အတွက် Social Network App များ

Friday, November 29, 2013
အားလုံးအသုံးဝင်စေမယ့် app လေးတွေဖြစ်ပါတယ်
အခု ဒေါင်းလော့လင့်ခ်တွေက Direct Download တွေဖြစ်ပါတယ်
မိတ်ဆွေတွေ အချိန်ကြာမှာစိုးလို့ adf.ly မခံထားပါဘူး

Download နိုင်သည့် android app များရဲ့ လင့်ခ်တွေကတော့
Read more ...

Animated Photo Frame Widget Plus v4.7.3 Apk 12MB

Friday, November 29, 2013
ဒီဆောစ့်ဝဲလ်လေးတော့ ဓာတ်ပုံအများကြီးကို Slideshow လုပ်ပြီး
မိမိဖုန်းနဲ့ မျက်နှာပြင်မှာ Widget အနေနဲ့ထားတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပါတယ် 
အသုံးပြုချင်တဲ့ သူငယ်ချင်းတွေ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Read more ...

Camera Fv 5 v1.58 Full Apk 3MB

Friday, November 29, 2013
Camera FV-5 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 28ရက်နေ့ထွက်လေးပါ
သူလုပ်ဆောင်ချက်တွေကတော့ တော်တော်လေးမိုက်တယ် တကယ့် ကင်မရာ တစ်လုံးအတိုင်းနီးပါဘဲ
ဖုန်းရဲ့ original camera setting ထက်အများကြီးပိုကောင်းအောင် features အလန်းစားတွေထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ဖို့ ရုပ်ထွက်အတွက် အမျိုးမျိုးချိန်ညှိပေးနိုင်ပါတယ်။ Google Play မှာဝယ်ရင် ဈေးကြီးပါတယ်။
မှာလေ့လာပြီး အသုံပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
 
http://www.amyokaungtarr.com
Read more ...

Libon – Voicemail & Free Calls Apk 16MB

Friday, November 29, 2013
Libon ဆိုတဲ့ ဆောစ့်ဝလ်ကို အကိုတစ်ယောက်က ညွန်ပေးလို့ စမ်းကြည့်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်
သူကတော့ အကောင့်ဖွင့်ပြီး နိုင်ငံတော်တော်များများကို ဖုန်း တစ်နာ၇ီ free ပြောလို့ရပါတယ်
ဖုန်းပြောမယ်ဆိုရင် အခေါ်ခံမယ်သူဘက်မှ အင်တာနက်ရှိစရာမလို 
တစ်နာရီတောင်ပြောရမှာဆိုတော့ စမ်းကြည့်ကြပေါ့ဗျာ
http://www.libon.com/ot မှာလေ့လာနိုင်ပါတယ် 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Read more ...

Software မပါပဲ pdf ဖိုင်ပြောင်းနည်း

Friday, November 29, 2013




မင်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..

Read more ...

Windows7 တင်နည်း Format ချနည်းနှင့် Partition ပိုင်းနည်း

Friday, November 29, 2013


ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...

Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။

တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။

Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..


အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..


အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..


ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..

အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...

အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..

ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...



အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...


အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။


နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....


အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
Read more ...