Showing posts with label gtalk. Show all posts
Showing posts with label gtalk. Show all posts

Gtalk မှာ အင်္ဂလိပ်စာလုံးများကို Font Style လန်းလန်းလေးတွေနဲ့ သုံးချင်သူတွေ အတွက်ပါ။

Friday, November 29, 2013


ဒီ တစ်ခါတော့ ကျွန်တော် Gtalk Box လေးမှာ အင်္ဂလိပ် စာလုံးတွေကို ရိုက်တဲ့ အခါမှာ သူများတွေနဲ့ မတူအောင် မိမိ ရိုက်လိုက်တဲ့ စာလုံးတိုင်းတွေဟာ လန်းလန်းလေး သုံးချင်သူတွေ အတွက်ပေါ့ ဗျာ။အောက်မှာ ကျွန်တော် ပုံလေး တွေနဲ့ နမူနာ ပြပေးထားပါတယ်ဗျာ။မြန်မာလိုတော့ မရပါဘူးဗျာ။
ကို ရိုက်လိုက်တဲ့ စာလုံးလေးဟာ အနက်ဆုံး အရောင်လေးနဲ့ ဖြစ်သွားမဲ့ Font Style လေးပါဗျာ။ဘယ်လို ရိုက်ရတာလဲ ဆိုတော့ Keyboard Shoutcut က Shift+8 ကို တွဲနှိပ်လိုက်ပါ ``*´´ ဒီကြယ်ပုံစံလေး ထွက်လိုက်မှာ ဖြစ်ပါတယ်။အဲ့ဒီ အတိုင်းလေးရိုက်သွားလိုက်ပါ။*မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ* ဒါဆိုရင် ရသွားပါပြီ။နောက်တစ်ခု ကတော့ စာလုံး Font Style လေးက ဘေးနားလေးကို ခက်စောင်းစောင်းလေး ဖြစ်နေမဲ့ ပုံစံလေးပါ။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွ ထပ်ပြီး ပြပေးထားပါတယ်ဗျာ။
အဲ့ဒီ လို စာလုံးစောင်းစောင်းလေးတွေ လုပ်ချင်ရင်တော့ Shift + - ကို တွဲပြီးနှိပ်လိုက်ပါ။``_´´ ဒီ မျဉ်းကြောင်းအတိုင်းထွက်လာမှာ ဖြစ်ပါတယ်ဗျာ။_မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ_  ဒါဆိုရင် မိမိတို့လိုချင်တဲ့ အင်္ဂလိပ်စာလုံး စောင်းစောင်းလေးများကို မိမိအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းတွေ အားလုံး အင်္ဂလိပ်စာလုံးလှလှလေးများကို ရိုက်ပြီးအသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။

 အောင်အောင်(မကစ)
Read more ...