Showing posts with label Window. Show all posts
Showing posts with label Window. Show all posts

Microsoft Windows 8.1 Activator v1.5 (2Mb) !!!!

Wednesday, April 30, 2014
Windows 8.1 Pro / Windows 8.1 Enterprise / သုံးသူတွေအတွက် Activates မဖြစ်သေးဘူးဆိုရင်
တော့ ဒီကောင် Activator ကိုသုံးကြည့်လိုက်ပါ။အားလုံးအဆင်ပြေသွားပါမယ်။ဖိုင်ဆိုဒ်က 2Mb ပဲရှိပါ
တယ်။ဘယ်လိုအင်စတောလုပ်ရမလဲဆိုတာဒေါင်းလော့စ်ဖိုင်ထဲမှာသေချာဖတ်ပါ။

Windows 8.1 OS activator Magdi
Safe activator without harm to the system files
Activation period is 180 days, and you can renew it
You can delete all the previous activations
You can find out information about your activation serial windows and other days of activation.

Activates:
Windows 8.1 Pro
Windows 8.1 Enterprise
Windows Server 2012 R2 Server Standard

Changes in version 1.5
Solve the problem of stop activation

အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။

 [INSTALL NOTES]
================

(1):.NET Framework is required.
(2):Run as admin.
(3): Enjoy


http://adfoc.us/14251337525447 
(or)

http://adfoc.us/14251337529429 
(or)

http://adfoc.us/14251337529421 
(or)

http://adfoc.us/14251337529434 
နည်းပညာမြို့တော်
 
Read more ...

Window တင်နည်းစာအုပ်ကို စုစည်းပြီးတင်ပေးလိုက်ပါတယ် (Window 7,XP,Vista)

Thursday, January 30, 2014

Window တင်နည်းကတော့ ကွန်ပြူတာသုံးသူတိုင်း သိထားသင့်တဲ့ ပညာဖြစ်ပါတယ်။ အခြေခံလောက် တတ်တဲ့ လူတိုင်းလိုလို Window တင်တတ်ကြမှာပါ။ အခုမှစလေ့လာတဲ့ သူငယ်ချင်းတွေ အတွက် အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ Window တင်နည်းစာအုပ်ကို စုစည်းပြီး တင်ပေးလိုက်တာပါ။

လူသုံးအများဆုံးဖြစ်တဲ့ Window 7,XP,Vista အစရှိတဲ့ Window တင်နည်း ၃ခု ဖြစ်ပါတယ်။ Window တင်နည်းစာအုပ်ကို တော့ လူတိုင်းဆောင်ထားသင့်ပါတယ်။ Window တင်နည်း နားမလည်သေးတဲ့
သူတွေကို လက်ဆင့်ကမ်းလို့လည်း ရတာပေါ့။

ဝင်းဒိုးတင်ဖို့ Window 7, XP တို့ကို ဒေါင်းချင်တယ်ဆိုရင်တော့ ဒီလင့်မှာ ကြိုက်နှစ်သက် ရာ ရွေးပြီး ဒေါင်း ယူ နိုင်ပါ တယ်။ Window တင်နည်းစာအုပ်ကို တော့ အောက်က လင့်မှာ ဒေါင်း ယူနိုင်ပါပြီ။

အားလုံးအဆင်ပြေပါစေ.......။
Read more ...

ကွန်ပျူတာ window passwordမေ့ခဲ့ရင်

Friday, January 10, 2014

  Window Admin Password မေ့သွားရင်ပဲဖြစ်ဖြစ် (သို့) Password မသိပဲ ကျော်ဝင်ချင်ရင်ပဲဖြစ်ဖြစ်  2GB ပမာဏလောက်ရှိတဲ့ USB တစ်ချောင်းနဲ့ အလွယ်တကူ ကျော်ဝင်လို့ရနိုင်ပါတယ်..။

ဘယ်လိုကျော်ရမလဲဆိုရင်တော့ နည်းလမ်းက လွယ်လွယ်လေးပါ 162KB လောက်ပဲရှိတဲ့ Software လေးနဲ့ 2GB (or) 4GB ပမာဏ ရှိတဲ့ USB (or) Memory Card တစ်ခုပဲလိုတာပါ ... ဟို Setting နှိပ် ဒီ Setting နှိပ် နဲ့ ခေါင်း အစားခံစရာလဲ မလိုပါဘူးး.. Window CD အခွေလည်း မလိုသလို Hirens BootCD လို ဆော့ဖ်ဝဲလ် ကြီးကြီးလည်း အချိန်ကုန်ခံပြီး ဒေါင်းယူနေစရာ မလိုပါဘူး...   USB Stick (or) Memory Card လေးရှိရုံနဲ့ အလွယ်တကူ ကျော်ဝင်နိုင်ပါတယ်..။

အောက်ဖေါ်ပြပါနည်းလမ်းအတိုင်း တဆင့်ချင်းလုပ်ဆောင်လိုက်ပါ...။
 Stick (or) Memory Card ကို ကွန်ပြူတာမှာ တပ်ပါ USB Device > Right Click > Fat32 Format နဲ့ Format ချလိုက်ပါ..။

 USB Stick ကို ကွန်ပျူတာမှာ တပ်လျှက်အနေအထားမှာရှိနေပါစေ...။

ဒါလေးကို Download လုပ်ယူပါ 162KB ပဲရှိပါတယ်
 kon-bootUSB.rar  ဆိုတဲ့ .Rar ဖိုင်လ် လေးကို ဖြည်လိုက်ပါ..။
ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb.exe ဆိုတဲ့ Application လေးကို ပုံပါအတိုင်း Double Click နှိပ်လိုက်ပါ...

CMD Command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , I , G , H , J တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က F ဆိုရင် CMD command မှာ F ရးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Press Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)



အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 Boot Menu ထဲဝင်ဖို့ နှိပ်ရမဲ့ Key တွေကတော့ ကွန်ပျူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) Key တခုခုကို နှိပ်ပြီး BIOS Boot Menu ကို ဝင်ပါ..  ရိုရိုး Window တင်သလိုပဲ 1st BOOT မှာ USB 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။



ခဏ နေလို့ Window တတ်လာရင် OK (or) Enter ခေါက်ပြီး Admin Password ကို အလွယ်တကူ ကျော်လို့ရသွားပါပြီ...။

Window 7 မှာ စမ်းသပ်ပြီးပါပြီ ၁၀၀၀% အဆင်ပြေပါတယ်..
ခုနောက်ထွက်တဲ့ Window 8 မှာတော့ စမ်းမကြည့်ရသေးပါဘူး..။ Window 8 မှာ စမ်းသပ်လို့ အဆင်ပြေခဲ့ရင် Comment လေးချန်ထားပေးခဲ့ကြဦးခင်မျာ...:)
ဝင်းကမ္ဘာကျော်
Read more ...

ကွန်ပျူတာအခြေခံနှင့် Window 7 အသုံးပြုနည်းစာအုပ်

Thursday, January 9, 2014
ကွန်ပျူတာကို စတင်အသုံးပြနေသူတွေ အတွက် အထူး ဆောင်ထားသင့်တဲ့ စာအုပ်လေးပါပဲဗျာ။ ခေါင်းစဉ်
ပေါင်း ၆၀ ကို အသေးစိတ် ရှင်းပြထားပါတယ်။ ဒီစာအုပ်လေး တစ်အုပ်ကို ဆောင်ထားရုံနဲ့ မည်သည့် Windows ကိုမဆို အသုံးပြုတတ်သွားပါလိမ့်မယ်။ လေ့လာလိုသူများ အောက်က လင့်မှာ ဒေါင်းလို့ရပါ။
ဖိုင်ဆိုဒ်က 25MB ရှိပါတယ်။ စတင်လေ့လာသူတွေ အကျိုးရှိအောင်လို့ ကိုမောက်မောက်လေးဆီမှ ဝေမျှ
ခြင်း ဖြစ်ပါတယ်ခင်ဗျာ။


>>> Download<<< From Sendspace.com
>>> Download <<< From Zippyshare.com

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Read more ...

Windows မျိုးစုံ တင်နည်းစာအုပ်များ (Windows Vista, XP, 7, 8)

Thursday, January 9, 2014

Windows တင်နည်းစာအုပ်တွေ စုဆောင်းဖော်ပြလိုက်ပါတယ်။ ဘယ် Windows တင်ချင်သလဲ၊ အားလုံးစုံအောင် ဖော်ပြထားပါတယ်။ Windows XP, Windows Vista, Windows 7, Windows 8 တင်နည်းစာအုပ်တွေ ဖြစ်ပါတယ်။ အောက်မှာ ဒေါင်းပါ။


Windows XP တင်နည်း စာအုပ် ဒေါင်းရန် >>> Download <<< From MediaFire (Link1)
>>> Download <<< From MediaFire (Link2)
>>> Download <<< From 4Shared



Windows Vista တင်နည်း စာအုပ် ဒေါင်းရန် >>> Download <<< From MediaFire (Link1) >>> Download <<< From MediaFire (Link2) >>> Download <<< From 4Shared
Windows 7 တင်နည်း စာအုပ် ဒေါင်းရန် >>> Download <<< From MediaFire (Link1) >>> Download <<< From MediaFire (Link2) >>> Download <<<From 4Shared




Windows 8 တင်နည်းနဲ့ အသုံးပြုနည်း စာအုပ် ဒေါင်းရန် >>> Download <<< From MediaFire>>> Download <<< From 4Shared

Credit - Myanmar IT Helper
Read more ...

ZawGyiFonts ဖြင့် Virus ကာကွယ်နည်း (မြန်မာလို EBook)

Thursday, December 12, 2013
ZawGyiFonts ဖြင့် Virus ကာကွယ်နည်း မြန်မာလိုစာအုပ်လေးတင်ပေးလိုက်ပါတယ်..ZawGyi Fonts ဖြင့်ဘယ်လို Virus ကာကွယ်ရမယ်..Virus ရဲ့သဘောသဘာဝကို အခြေခံ ဗဟုသုတရှင်းပြထား ပါတယ်။ ကွန်ပျူတာ လေ့လာနေသူများအတွက် အထောက်အကူပြုပေးနိုင်တဲ့ စာအုပ်ကောင်းလေးတစ်လက်ဖြစ်ပါတယ်။ 
Download ==> Link 1 / Link 2

Read more ...

Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )

Thursday, December 12, 2013

သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် ..
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော ..
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် ..
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် ..
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် ..
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ ..
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ ..
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် ..
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် ..
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ ..
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ ..
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..

Download => Link 1 / Link 2

ဒေါင်းပြီးပြီဆိုရင် မိမိစက်မှာဖြစ်နေတဲ့ Error ကိုရှင်းဖို့စပါ့မယ် .. ဒေါင်းထားတဲ့ ဖိုင်ထဲက Launch Fix ကိုနှိပ် လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါ့မယ်


အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်


အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်


အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်


နောက်တစ်ဆင့်သွားဖို့ Next  ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ..
Read more ...

Windows 8 Screen မှာ Computer Icon ဖေါ်တတ်အောင်နှင့် Windows Media Player ဖွင့်သုံးတတ်အောင်

Sunday, December 1, 2013
ဒီလုပ်နည်းလေး ၂ခုကတော့ Windows 8 အသုံးပြုသူတွေအတွက် လိုအပ်မယ်ထင်တာလေး မို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Windows 8 မှာ Windows 7 လို Desktop ပေါ်မှာ Computer ပုံလေးကို အလွယ်တကူထုတ်ထားလို့ မရတဲ့အတွက်.. Windows 8 Desktop ပေါ်မှာ Computer ပုံလေးပေါ်ချင်နေတဲ့ သူများအတွက် အဆင်ပြေမယ့် လုပ်နည်းလေးပါ.. Computer ကိုဖွင့်ချင်တဲ့အခါ ရှော့ကပ်ကီးကတော့ Windows Logo + E ကိုတွဲနှိပ်ပြီး ဖွင့်လို့ရပါတယ်.. အဲ့လိုမဟုတ်ပဲ Computer ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးအတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ရဲ့ Windows 8 Screen မှာ Computer ပုံလေး ပေါ်နေပါလိမ့်မယ်..။ ပေါ်လာတဲ့ Icon လေးတွေကို နောက်ထပ်ပုံတခုနဲ့ အစားထိုးပြီး ပြောင်းထားလို့ရတဲ့ လုပ်နည်းလေးပါ ပါပါတယ်..။ နောက်တခုက Windows 8 ထဲမှာပါတဲ့ Windows Media Player နဲ့ သီချင်းတွေကို Video တွေကို တန်းဖွင့်ချင်တဲ့ သူများအတွက်ပါ လုပ်နည်းလေး ပြပေးထားပါတယ်..။ ဗဟုသုတအနေနဲ့ Windows 8 ပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ်၊ Windows N ဗါးရှင်းတွေမှာ Windows Media Player မပါပါဘူး..။ အဲ့ဒီဗါးရှင်းတွေ တင်ထားတဲ့ ဝင်းဒိုးဆိုရင်တော့ Windows Media Player ကိုသီးသန့် Install ပြန်ထည့်ပေးရပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Desktop မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..



မိမိတို့ ပေါ်ချင်တဲ့ ပုံလေးတွေကို အမှန်ခြစ်ပေးပြီး Apply>Ok ပေးလိုက်ပါ.. အပေါ်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ပေါ်လာတဲ့ ပုံလေးကို မိမိတို့စိတ်ကြိုက် တခြားပုံတခုနဲ့ ပေးပေါ်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း ထပ်လုပ်ပေးလိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ကလုပ်နည်းလေးကတော့ ဟိုတနေ့က Cbox မှာ အကိုတစ်ယောက်မေးထားတဲ့ မေးခွန်းလေးကို ဒီပို့စ်မှာ တခါတည်း လုပ်ပြပေးလိုက်တာပါ.. ဒီနည်းက Windows 7 မှာ လုပ်လို့ရတဲ့ ၊ လုပ်နည်းတူတဲ့ နည်းလေးပါ.. မိမိတို့ တခြား Media Player တွေစက်ထဲကို ထည့်မိတဲ့အခါမှာ Windows Media Player နဲ့ ဖွင့်လို့ မလာတဲ့အခါမှာ ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ တခြား Media Player တွေနဲ့ ပြန်ဖွင့်ချင်တဲ့အခါမှာလည်း ဒီလိုလေး ပြန်လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်..။
တကယ်လို့ FLV ဖေါ်မတ်ဆိုရင်တော့ Windows Media Player နဲ့ ဖွင့်လို့မရပါဘူး.. ဒါကြောင့် FLV ဖေါ်မတ်အတွက် Free FLV Player လေးတင်ပေးထားတာရှိပါတယ်.. ပြန်ရှာပြီး ဒေါင်းယူနိုင်ပါတယ်..။
အရင်ဆုံး မိမိတို့ ဖွင့်ချင်တဲ့သီချင်းပေါ်မှာ Right Click ထောက်ပါ.. အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် Windows Media Player နဲ့ သီချင်းတော်တော်များများကို ဖွင့်လို့ ရသွားပါလိမ့်မယ်..






ဒါဆိုရင်တော့ သီချင်းတွေ ၊ Video တွေကို WMP နဲ့ ဖွင့်လို့ ရသွားပါပြီ..
 
Read more ...

Windows 8 ရဲ့ Folder ၊ Icon တွေမှာ မြန်မာစာ (Zawgyi-One နှင့်) ပေါ်အောင်လုပ်နည်း

Sunday, December 1, 2013
 Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8 64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင် သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့ ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့ နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်မှာ ဖေါ်ပြပေးထားတဲ့ လုပ်နည်းလေးတွေနဲ့ တိုက်ဆိုင်လာလို့ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ဆက်ကြည့်နိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီလို Windows 8 အသုံးပြုသူများအတွက် Desktop မှာ Computer အိုင်ကွန်ထုတ်သုံးတတ်အောင်နဲ့ Windows Media Player အသုံးပြုတတ်အောင် ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ မသိသေးတဲ့၊ မလေ့လာရသေးတဲ့ သူများကတော့အောက်ဆုံးမှာရေးထား
ပါတယ်။

မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်ခြင်းပြဿနာကတော့ Windows 8 64-bit ဗါးရှင်းတွေမှာ အဖြစ်များတယ်လို့ ထင်ပါတယ်..။ ကျနော်စမ်းသပ်ခဲ့တဲ့ စက်တွေကလည်း Windows 8 64-bit တွေပဲ ဖြစ်နေလို့ပါ..။ Windows 8 မှာပါတဲ့ မြန်မာစာဖေါင့်က ဒီတိုင်းရိုက်လို့ မြန်မာစာ မပေါ်ပါဘူး..။ ယူနီကုဒ်လက်ကွက်တခုခုထည့်ပေးပြီးမှ မြန်မာစာရိုက်လို့ ရတာပါ..။ ဒါကြောင့် ကျနော် Windows 8 64-bit အတွက် ဇော်ဂျီလက်ကွက် 64 ကို ထည့်လိုက်တော့ Windows 8 မှာပါတဲ့ မြန်မာစာ ရိုက်လို့ ရသွားပါတယ်..။ ဇော်ဂျီနဲ့ကျပြန်တော့ ရိုက်လို့ ဖတ်လို့တော့ရပြီ.. ဖိုဒါတွေနဲ့ Icon တွေကအစ မိုဇီလာ Bookmark အဆုံး Windows 8 မှာပါတဲ့ Myanmar Text နဲ့ပေါ်နေပြန်တော့ ဇော်ဂျီပြန်ပြောင်းဖို့ အတော်လေး ရှာခဲ့ရပါတယ်..။ အရင်သုံးခဲ့တဲ့ Windows 8 မှာကျတော့ ဘာမှမလို ဇော်ဂျီထည့်ပေးပြီးတာနဲ့ အားလုံးဇော်ဂျီဖေါင့်ပြောင်းပြီးသား တန်းသုံးယုံပဲ..။ Windows 8 32-bit ဟုတ်လို့ထင်ပါတယ်..။ ဇော်ဂျီဖေါင့်အတွက် Windows 8 64-bit နဲ့ 32-bit ကွာခြားချက် သေချာမပြောပြတတ်သေး..။ ဘာပဲဖြစ်ဖြစ် ကျနော်ဒီနည်းနဲ့ လိုက်ပြောင်းကြည့်လို့ အဆင်ပြေသွားခဲ့တဲ့အတွက် အားလုံးလည်းအဆင်ပြေမယ်ထင်လို့ ဒီနည်းလေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။
 ဒီအောက်ကပုံအတိုင်း Icon တွေမှာ မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်သေးပါ..။ ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် ရသွားပါပြီ..။ ဒီစက်မှာ ဇော်ဂျီဝမ်းဖေါင့်ထည့်ထားပြီးသားပါ..။ ဒီလိုလိုက်ပြောင်းပြီးသွားရင်လည်း ဇော်ဂျီဝမ်းဖေါင့်ကို ပြန်ပြီး Install ထည့်ပေးရပါမယ်..။ ဇော်ဂျီမထည့်ရသေးတဲ့ စက်တွေမှာတော့ ဒီအောက်ကအတိုင်း အရင်လိုက်ပြောင်းပြီးမှ ဇော်ဂျီဝမ်းဖေါင့်ကို ထည့်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။



အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel >> Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။


အောက်ကပုံအတိုင်း မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ ရေးလို့ ဖတ်လို့ ပေါ်လာပါပြီ..။

======================================================

နောက်တခုကတော့ Windows 8 မှာ Restore Points တွေကို ရှာလို့မရတာပါပဲ..။ ဘာလို့လဲဆိုတော့ Windows 8 မှာက Windows 7 လို တခါတည်း ဝင်းဒိုးတင်ပြီးတာနဲ့ တန်းပြီး Restore Points တွေ အလုပ်မလုပ်ပါဘူး..။ OFF ဖြစ်နေလို့ပါ..။ အဲ့ဒါကို ကျနော်တို့က Windows 8 မှာ Restore Points တွေ အလုပ်လုပ်နိုင်အောင်လို့ သွားပြီး ON လုပ်ပေးရပါမယ်..။ ဒါဆိုရင် Restore Points တွေ ရှိနေပြီဖြစ်လို့ တခုခု ဝင်းဒိုး Error ပေါ်ခဲ့တဲ့အခါ အလွယ်တကူ Restore Points တွေနဲ့ နောက်ပြန်ဆုတ်ယူလို့ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ Restore Points ကို ON လုပ်ပြီးတဲ့အခါမှာလည်း မကြာမကြာ ၊ တပါတ်တစ်ခါလောက် Restore Point ကို Create နဲ့ မိမိတို့ကိုယ်တိုင် ဖန်တီးပေးထားတတ်ဖို့ပါ.. သတိပြုပေးပါ..။ ဒါမှ ဝင်းဒိုးနောက်ပြန်ဆုတ်တဲ့အခါ အလွယ်တကူ အဆင်ပြေမှာပါ..။
အောက်ကပုံအတိုင်း Windows 8 မှာ မြင်ရတဲ့အတိုင်း Computer Properties ကနေ သွားလိုက်ပါ..။



System Protection ကို ကလစ်လိုက်ရင် အောက်ဒုတိယပုံပေါ်လာပါလိမ့်မယ်..။ အောက်က ပထမပုံကတော့ Restore Point တွေမရှိတဲ့အခါမှာ ဒီလို ကြတ်ခြေခတ်အနီရောင်နဲ့ ပြနေပါလိမ့်မယ်..။ Restore Points တွေကို ON လုပ်ပြီးသွားလို့ Create ဖန်တီးပြီးသွားပြီဆိုရင် ဒီလိုပုံမျိုးမပေါ်တော့တာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။



အပေါ်ပုံမှာ OFF ဖြစ်နေတဲ့ Windows 8 ကို အရင်တချက်ကလစ်ပြီးမှ Configure ကို ကလစ်ပါ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Turn on system protection ကို အမှန်ခြစ်ပေးပြီး Max Usage မှာတော့ ကျနော်က 50% လို့ပြောင်းထားပေးလိုက်ပါတယ်..။ ပြီးရင် Apply >> OK ပေးလိုက်ပါတယ်..။



စောန OFF ဖြစ်နေတဲ့ နေရာမှာ ON ဖြစ်သွားပြီဆိုရင် Create ကိုနှိပ်ပြီး Restore Points တခုကို အရင် ဖန်တီးထားလိုက်ပါ..။ အောက်ကပုံအတိုင်း ကျနော် ဖန်တီးထားလိုက်ပါတယ်..။
 အပေါ်အကွက်လေးထဲမှာတော့ မိမိတို့ မှတ်ရလွယ်မယ့် စာတခုခုရေးထည့်လိုက်ပါ..။ ကျနော်ကတော့ အဲ့ဒီနေ့က ရက်စွဲကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကို နှိပ်လိုက်ပါတယ်..။




Successfully ဆိုရင်တော့ ဖန်တီးလို့ ရသွားပါပြီ..။ Close နဲ့ ပိတ်လိုက်ပြီး အဲ့ဒီအပေါ်က System Restore ကို ပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း အဆင်ပြေစွာနဲ့ System Restore ကို ဖွင့်သုံးလို့ ရသွားပါပြီ..။ ဒီနည်းနဲ့ Restore Point တွေကို မကြာမကြာဖန်တီးထားခြင်းဖြင့် ဝင်းဒိုး Error တွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်..။


Restore Points အသုံပြုနည်းက Next နှိပ်ပြီးသွားယုံပါပဲ..။ ဒီမှာတော့ ဒီလောက်ပဲ ပြပေးထားပါတယ်..။ ဒါကြောင့် ကျနော်က Cancel နဲ့ ပိတ်ပစ်လိုက်ပါတယ်..။


======================================================

နောက်ထပ်တခုက User Account ကို Windows 7 မှာလို သွားရင် ဝင်လို့တော့ ရတယ်.. ဒါပေမယ့် စာကိုသေချာဖတ်ဖို့တော့ လိုပါတယ်..။ စာကိုသေချာမဖတ်ရင်တော့ User Account Password နဲ့ Hard Disk Password မှားပြီး ပေးမိရင် နောက်တခါဝင်းဒိုးတင်တဲ့အခါမှာ အကြီးအကျယ်ပြဿနာပေါ်ပါလိမ့်မယ်..။ ဒါကြောင့် Hard Disk Password ကို ဒီနေရာမှာ မထည့်မိဖို့ အထူးသတိပြုရမှာပါ..။ User Account Password နဲ့ Hard Disk Password မှားမထည့်မိဖို့ အောက်ကပုံအတိုင်း ကျနော်ဝင်သွားပြီး ပြပေးထားပါတယ်..။
Control Panel ထဲကနေ User Account ကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။


အောက်ကပုံအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ နေရာကတော့ Hard Disk Password ပေးရမယ့် နေရာပါ..။ လုံးဝ Password မထည့်ပဲ အဲ့ဒီနေရာကို ကျော်ခဲ့လိုက်ပါ..။ အနီရောင်နဲ့ ပြထားတဲ့ နေရာကတော့ User Account အတွက် ဝင်းဒိုး Password ပေးရမယ့် နေရာပါ..။ အဲ့ဒီကနေ သွားရင် PC Setting ထဲကို ရောက်သွားပါတယ်..။


ကျနော်တို့ PC Setting ကို Desktop ပေါ်ကနေလည်း သွားလို့ ရပါတယ်..။ အောက်ကပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။ Setting ကိုနှိပ်လိုက်ရင် PC Setting ပေါ်လာပါလိမ့်မယ်..။




Change PC Setting ကို ဝင်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ User >> Create Password ကို နှိပ်ပြီး Password ထည့်လို့ ရပါပြီ..။


Add a user ကတော့ နောက်ထပ် User Account တွေ ထပ်ဖွင့်ဖို့ နေရာတခုပါ..။ ကွန်ပျူတာ တလုံးထဲနဲ့ User Account တွေခွဲဖွင့်ပြီး သုံးလေးယောက် ခွဲသုံးဖို့ အဆင်ပြေစေမယ့် နေရာပါ..။ 
အောက်ကပုံအတိုင်း Password ပေးပြီး Next ကိုနှိပ်ပေးလိုက်ပါတယ်..။



 Finish ပေးလိုက်ရင်တော့ User Account တခုကို ရသွားပါပြီ..။ အောက်ကပုံကတော့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ Password ပေးထားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Create a picture password ကို နှိပ်ပြီး သွားလိုက်ပါ..။
 


အပေါ်ပုံကတော့ အရင်ထည့်ထားတဲ့ ပါတ်စ်ဝါဒ့်ကို Confirm လုပ်ခိုင်းတာပါ..။ ပါတ်စ်ဝါဒ့်ထည့်ပြီး Ok ပေးလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Choose Picture ကနေ မိမိတို့ရဲ့ ပုံလေးကို သွားရွေးပေးလိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်းပါပဲ..။



တကယ်အသုံးပြုမယ်ဆိုရင်တော့ Use this picture ကိုနှိပ်ပေးလိုက်ပါ..။



 1-2-3 အတိုင်း မိမိတို့ပုံရဲ့ နေရာလေး သုံးနေရာကို တချက်စီကလစ်ပေးလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံအတိုင်း အစွန်သုံးနေရာကို ကလစ်ပေးလိုက်ပါတယ်..။ အဲ့ဒီသုံးနေရာက ပါတ်စ်ဝါဒ့်ဖြစ်သွားပါပြီ..။



Congratulation ဆိုရင်တော့ Finish ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် မိမိတို့ရဲ့ ပုံလေးနဲ့ရော ၊ စာလုံး ပါတ်စ်ဝါဒ်နဲ့ပါ Password ပေးပြီးသား ဖြစ်သွားပါပြီ..။ ဝင်းဒိုးထဲဝင်တဲ့ အခါမှာတော့ ၂ခုစလုံးနဲ့ ဝင်လို့ ရသွားပါပြီ..။ ကျနော် လက်ရှိဒီ၂မျိုးစလုံးနဲ့ အသုံးပြုနေတာပါ..။ အဆင်ပြေပါတယ်..။ 
Password တွေမလိုတော့ရင်တော့ အောက်ကပုံအတိုင်း Remove နဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။


 ======================================================
နောက်ဆုံးတခုကတော့ Windows 7 မှာ မပါခဲ့တဲ့ Tool လေး Windows To Go တူးလေးနဲ့ USB 32 GB ထဲမှာ ဝင်းဒိုးတခုလုံးကို ထည့်ပြီး သိမ်းထားလို့ ရမယ့် နေရာလေးပါ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲမှာပဲ ရှိပါတယ်..။ 


ဒီပိုစ့်မှာတော့ ဒီတူးလေး အသုံးဝင်ပုံကို ပြပေးချင်ပေမယ့် 32 GB ရှိတဲ့ USB Pendrive တချောင်းလိုအပ်ပါတယ်..။ ကျနော်မှာလည်း 16 GB ပဲရှိပြီး.. 32 GB အဆင်သင့်မရှိသေးတဲ့အတွက် ဒီအဆင့်တွေကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့ပါဘူး..။ ဒါကြောင့်နောက်ပိုင်း ကြုံကြိုက်ခဲ့ရင် ဒီပိုစ့်ကို ထပ်ဆက်ပေးပါမည်..။ 32 GB ရှိတဲ့သူများကတော့ မိမိကိုယ်တိုင်ပဲ ဒီအဆင့်တွေကို စမ်းသပ်အသုံးပြုကြည့်ပါ..။ သိပ်တော့မခက်ပါဘူး..။ သူမေးထားတာနဲ့ သူပြထားတာတွေကို ရွေးပေးတတ်ရင် လုပ်လို့ ရပါတယ်..။ အားလုံးပဲ စမ်းသပ်ရင်း အဆင်ပြေကြပါစေဗျာ..။
Read more ...