Showing posts with label facebook. Show all posts
Showing posts with label facebook. Show all posts
Facebook design ပြောင်းချင်လား password ပါသွားနိုင်တယ် သတိထား
Thursday, January 23, 2014
Facebook ကို ပုံပါအတိုင်း design ပြောင်းတဲ့ plugin တွေ ကုဒ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်ပြောချင်တာကတော့ "လှတာမက်ရင် ညစာခက်တယ်" ဆိုတဲ့အတိုင်းပါပဲ။
နည်းနည်းလေး တွေးကြည့်ရအောင် ဒီလို ဒီဇိုင်းတွေပြောင်းဖို့ Developer တွေရဲ့ plugin သို့မဟုတ် code တွေကို install လုပ်ရမယ်။ ဒီ code တွေကိုလည်း developer တွေက သူများတွေ အလွယ်တကူဖတ်လို့မရအောင် compress လုပ်ထားတယ်။ လူတိုင်းမှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ရှိကြတယ်။ လူတစ်ယောက်တည်းမှာပဲနော်။ ဒီတော့ အဲဒီ code တွေထဲမှာ ကိုယ့်အကောင့်ရဲ့ security informations (ph number, email, home town, ...) တွေ ကို လျှို့ဝှက်ယူပြီး ယူနိုင်မယ့် code မျိုးတွေ ထည့်ရေးထားရင် နာပြီသာမှတ် .. ကိုယ့်အကောင့်တွေ အကုန်ပါကုန်မယ်။
ကိုယ်ကတော့ သူငယ်ချင်းတွေကို အံ့ဩအောင်လုပ်ဖို့ အဲဒီ plugin တွေ code တွေ သုံးလိုက်တယ်။ ဒါပေမယ့် နောက်ကွယ်မှာ ကိုယ့်အကောင့်က ပါသွားနိုင်တယ်။ ပါသွားနိုင်တယ်လို့ ပြောတာက တစ်ချို့ ယုံကြည်ရတဲ့နေရာမှာ တင်ထားတဲ့ plugin တွေ code တွေဆိုရင်တော့ လုံခြုံမှုရှိနိုင်ပါတယ်။ တစ်ချို့ တွေ့တဲ့နေရာကယူလာတဲ့ code တွေမှာတော့ ကိုယ့်အကောင့်အချက်အလက်တွေ ခိုးယူသွားနိုင်တဲ့ code မျိုးတွေ ပါနေတတ်ပါတယ်။ ဒါကြောင့် Facebook design ပြောင်းတဲ့ plugin တွေ ကုဒ်တွေကို ကျွန်တော်ကတော့ အတတ်နိုင်ဆုံး မသုံးဖို့ အကြံပြုချင်ပါတယ်။
ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းတွေအတွက် ရှယ်ပေးလိုက်ပါ။
iBlogger
Myanmar CNN မှ တင်ဆက်သည်။
ဝင်းကမ္ဘာကျော် 
Read more ...
Facebook အကောင့်အလွယ်တကူဖွင့်မယ်..
Thursday, January 9, 2014
ဒီပုံထဲမှာပြထားတဲ့ Web site လေးကနေပီး Facebook အကောင့်အလွယ်တကူဖွင့်လို့ရပါပီခင်ဗျာ။ ဒီနည်းကို သိပြီးသား ဆရာတွေလည်းရှိမှာပါ။ ကျွန်တော်လည်း မနေ့ကမှ ကလိရင်း ရသွားတာပါခင်ဗျာ။ Proxy ကျော်တဲ့နည်းပေါ့။ ဒီကိုနှိပ်ပါ အဲဒီကို ၀င်လိုက်ပီးရင် ပုံထဲမှာပြထားတဲ့ အကွက်ထဲမှာ facebook ကိုဖွင့်ပီး အကောင့်အသစ်လုပ်လုပ် Lock ကျနေတဲ့အကောင့်ကို မြန်မာပြည် ဖုန်းနံပတ်နဲ့ Verify လုပ်လုပ် အဆင်ပြေသွားပါပီ။ ကျွန်တော် စမ်းကြည့်တာတော့ Lock ကျနေတဲ့ အကောင့်တစ်ခုနဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူစွာဖွင့်လို့ပြီးစီးသွားပါပီ။ အဲ ဖုန်းနံပတ်နဲ့ Verify လုပ်တဲ့နေရာမှာ Send me Code ဆိုတာကို မရွေးပဲ Call me ဆိုတာကိုရွေးပေးပါ။ လူကြီးမင်းတို့ဆီကို ဖုန်းဝင်လာပါလိမ့်မယ်။ အဲဒါကို မှတ်ထားပီး verify လုပ်လိုက်ရင် အဆင်ပြေသွားပါပီ ခင်ဗျာ။ ကျွန်တော် သိသလောက်လေး Share ပေးတာပါ။ စမ်းကြည့်လိုက်ကြပါခင်ဗျာ။
Credit to Thiha Swe
Read more ...
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်
Tuesday, December 17, 2013
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။  
- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။
- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို့ ရပါတယ်။
- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘ၀မှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။
Read more ...
်facebook passward မေ့ခဲ့ရင်
Friday, December 13, 2013
အရင်ဆုံးforgot your passwardကိုကလစ်လိုက်ပါ
ပြီရင်ph nambus ,emailor fullnameဆို့အကွက်ထဲမှာမိမိ
အီးမေးလ်ထည့်ပေးလိုက်ပါ
ပြီးရင်မေးလ်ပို့ပါလိမ့်မယ်မေးထဲမှာ
 your requested a new face book passwordဆိုတာကိုကလစ်လိုက်ပါ
ထိုအခါpasswordအသစ်ပေးဖို့အကွက်ကလေးပေါ်လာလိမ့်မည်
အသစ်ကိုနှစ်ကွက်လုံးမှာထည့်ပေးလိုက်ပါအဆင်ပြေပါလိမ့်မယ်(မှက်ချက်။  ။အမြဲတော့မရပါ ရသူများပါသည်)
အရှုံးတော့မရှိဘူးစမ်းကြည့်ပါ  အဆင်ပြေပါစေ
Read more ...
Facebook သည် လူမှုဆက်ဆံရေး၏ နိမိတ်ပုံများ အထင်ဟပ်ဆုံး နေရာဖြစ်လာ
Wednesday, December 4, 2013
Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။
ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။
အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။
ကွန်နဲလ် တက္ကသိုလ်တွင် ပြုလုပ်သော သုတေသန ရလဒ်တစ်ခုက Facebookနှင့် Social Mediaများအပေါ် လူအများ မှီတွယ်မှု ပိုမို
အားကောင်းလာသည်နှင့်အမျှ အတွင်းရေး ခံစားချက်များကို သွန်ထုတ်ရန် အသုံးများလာကြောင်း ညွှန်ပြလျှက်ရှိသည်။
ထို့အပြင် စုံတွဲတစ်တွဲနှင့် တိုက်ရိုက်သိကျွမ်းမှု မရှိသည့်တိုင် ယင်းတို့နှင့် ဆက်စပ်သူငယ်ချင်းများထံမှတစ်ဆင့် ထိုစုံတွဲ၏ လားရာအခြေအနေ
ကောင်းမကောင်း ဆိုသည်ကိုပါ ခန့်မှန်းလာနိုင်လိမ့်မည်ဟု ယင်းတက္ကသိုလ်
မှ လူမှုဆက်ဆံရေး ပညာရပ်ဆိုင်ရာ သုတေသီများက ကောက်ချက်
ချခဲ့သည်။ ယခုသုတေသန စစ်တမ်း၏ နောက်ကွယ်မှ ပညာရှင်များက Facebookတွင် လူတစ်ဦး၏ စိတ်ခံစားချက် အရိပ်အကဲသည် ဆက်စပ်နေသည့် မိသားစုနှင့် မိတ်ဆွေများထံ အလွယ်တကူ ပျံ့နှံ့တတ်ကြောင်း ရှင်းပြခဲ့သည်။
သုတေသီများက Facebookတွင် သူငယ်ချင်း တစ်ဦး၏ ကြားခံသူငယ်
ချင်းများ ရောနှောနေခြင်းထက် နယ်ပယ်အသီးသီး ခွဲထားခြင်းက ဆက်ဆံရေး ပိုမိုခိုင်မြဲစေကြောင်းလည်း ဆိုသည်။ ထို့အပြင် Social Networkများ၌ တစ်ဦးချင်း ဆက်ဆံရေး ခိုင်မြဲမှုထက် မိမိ၏ အမှန်တကယ် ရင်းနှီးကျွမ်းဝင်သူ အရေအတွက် ချိတ်ဆက်မှု ကျယ်ပြန့်ခြင်းကလည်း ပိုမိုအရေးပါသည့် ညွှန်ကိန်း ဖြစ်လာကြောင်း ပညာရှင်များက မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
Read more ...
facebook နှင့် ဆိုင်သောကျူတိုရီယယ် များ စုစည်းမှု ( pdf file )
Wednesday, December 4, 2013
facebook နှင့် ပက်သက်သော ကျူတိုရီယယ် များ စုစည်းမှု ...ဘလော့ ကာအူးးးးးအူးးးတွေရေးထားတဲ့ 
ကောင်းနိုးရာရာလေးတွေကိုတစ်နေရာတည်းကနေအဆင်ပြေပြေဖတ်နိုင်အောင်စုစည်းပေးထားတာပါခင်ဗျာ။
အထဲမှာ ပိုစ် ပေါင်း (၁၆ ) ခုကိုစုည်းထားပေးပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကတော့  ( 3MB ) ပဲရှိပါတယ်။ကဲတစ်နေရာတည်းကနေ ဒီအကြောင်းအရာတွေကို လွယ်လွယ်ကူကူဖတ်နိုင်ပါပြီ။
Facebook မှာ သိထားသင့် တဲ့ အကောင့်  security အကြောင်းများ
facebook မှာ password မေ့ သွားတာကိုပြန်ယူမယ်
facebook မှာ report တင်နည်း
facebook မှာ လော့ ကျသွားတဲ အကောင့် များ ကိုပြန်ယူနည်း
facebook မှာ 3 trusfriend ဖြင့်  မိမိတို့ အကောင့် ကို ပြန်လည်ရယူခြင်း။
facebook မှာ လော့ မှန်သမျှ အကုန်ရ ဥုံဖွ နည်းလမ်းကောင်း။
facebook မှာ hack ခံရသောအကောင့် အားပြန်ယူနည်း။
facebook မှာ email password ချိန်းပြီး hack သွားသောအကောင့် ကိုပြန်ယူနည်း။
facebook မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စာလုံးလှလှလေးတွေနဲ့ ချက်မယ်။
faceboo မှာ teamviewer ကဲ့ သို့ သော app ကိုအသုံးပြုနည်း။
facebook မှာ အီးမေးထဲသို့  notification မဝင်အောင်ပိတ်နည်း။
facebook မှာ chatting box ထဲက စာလုံးလှလှလေးများအကြောင်း
facebook မှာ မိမိနှစ်သက်သော style အသစ်အဆန်း ထွင်သုံးခြင်း
facebook မှာ website down သွားသည့် အခါ ပိုစ် တင်နည်း။
facebook မှာ Message တွေကို scrip သွင်းပြီးဖျက်နည်း။
Download - zippyshare  ,  solidfiles tusfiles 
Read more ...
ဖေ့စ်ဘွတ်ခ်သုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးတရားတွေ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။  
- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။
- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို့ ရပါတယ်။
- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘ၀မှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။
Read more ...
ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။
၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။
၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။
အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
ဆူးချိုး
Ref: mensxp
Read more ...
Facebook ရဲ့  Free Application နဲ့ တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်ကြမယ်
Wednesday, December 4, 2013
နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။
ပထမဆုံး Deskhop App page ကိုသွားပါ။ “Go to App” ကိုနှိပ်ပါ။
clip_image002
သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။
clip_image004
clip_image006
ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခနတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။
ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း  အလိုလို ဖျက်ပေးမှာပါ။
ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။
Read more ...
Facebook ဆိုတာ
Wednesday, December 4, 2013
fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။
ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။
မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။
တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။
အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။
Read more ...
FACEBOOK USER ဖြစ်ရခြင်း
Saturday, November 30, 2013
FACEBOOK USER ဖြစ်ရခြင်း
မင်္ဂလာပါခင်ဗျာ.........
အခုကျွန်တော် ချစ်ပရတ်သတ်တွေကို
FACEBOOK နဲ့ပတ်သတ်ပြီးပြောပါရစေ..
အခုတလော FACEBOOK အကောင့်
ပိုင်ရှင်တွေသတိထားစရာလေးတွေကို
ရေးသားပေးလိုက်ချင်ပါတယ်။
မိမိအကောင့်ထဲက FRI တွေ
FACEBOOK USERတွေဖြစ်ဖြစ်နေကြတာသတိထားမိ
မှာပါ။
အဲ့လိုပဲ ကျွန်တော်အကောင့်ထဲမှာလဲ
Facebook user တွေအများကြီးဖြစ်ကုန်
ကျပါတယ်။ facebook user ဆိုတာ
lock ကျသွားတာပါ။ မိမိ ရဲ့ friend အကောင့် Lock ကျသွားခြင်းပါပဲ။
တစ်ချို့လဲသိသလို တစ်ချို့လဲမသိကျပါ
ဘူး။ မသိသေးသော သူငယ်ချင်းများအတွက် ရေးသားလိုက်
ခြင်းဖြစ်ပါတယ်။
ဘာလို့lock ကျရလဲ...
ပရိတ်သတ်တို့ .....
ဒီလိုပါဗျာ.. မိမိက new friend တွေ
တစ်နေ့ထဲ အသာကုန်အပ်ချင်းကြောင့်လဲအဖြစ်များပါတယ်။
နောက်တစ်ခုက မိမိ အကောင့်ကို
LogOff မလုပ်ပဲ အင်တာနက် (သို့)မိမိ
အသုံးပြုနေသော စက်ကို တန်းပိတ်မိခြင်း
တွေကလဲ 50% Lock ကျဘို့သေချာနေ
ပါတယ်။
နောက်တစ်ခုက Pc စက်မှာ Facebook
အကောင့် တစ်ခုထက် ပိုသုံးမိခြင်းကြောင့်
ကလဲ 50% ပါပဲ။
နောက်တစ်ခုကတော့ မိမိအကောင့်ကို
တစ်နေ့ထဲ တွေ့ရာ အင်တာနက်ဆိုင်ထိုင်
ဒီဆိုင်မှာဖွင့်လိုက် ဟိုဆိုင်မှာ ဖွင့်လိုက်နဲ့
အထူးမလုပ်ပါနဲ့ဗျာ... တစ်သက်မက်ထဲ
သုံးပါ။
နောက်ဆုံးအနေနဲ့ကတော့ မိမိအကောင့်ကိုသုံးနေလျှက်နဲ့
သူ့ဟာသူ LogOff ဖြစ်သွားတာကတော့
မိမိအကောင့်ကို Hack သွားတာလဲ
ဖြစ်နိုင်ပါတယ်။ Fb အကောင့် LOCK
ကျတာမှန်ရင် မိမိသုံးနေစဉ် ဘယ်တော့
မှ LOGOFF ဖြစ်မသွားပါဘူး။
LOCK ကျတာဟာ မိမိအသုံးပြုဘို့ အကောင့်ဖွင့်နေစဉ်မှာ ERROR တစ်စုံ
တစ်ခုပေါ့လေ ဥပမာ Fri ပုံတွေနဲ့ နာမည်
ကို တွဲခိုင်းတို့ဘာတို့ပေါ့လေ....စသည်
ဖြင့်ပေါ့ဗျာ... ဒါမှ LOCK ကျတာအစစ်ပါ။
အဲ့ဒါမျိုးဆိုရင် တိုင်ပတ်ပါလေရောဗျာ..
ဒါတွေကတော့ကျွန်တော်သိသလောက်ပါ
ကျန်တာတော့ အဖြစ်များမယ်မထင်ဘူး။
အခုကျွန်တော်ပြောခဲ့တာတွေက LOCK
ကျဘို့ 50% နှင့် 50% အထက်တွေပါ။
ကျွန်တော်အကောင့်ထဲမှာ LOCK
ကျသူတွေမနည်းပါဘူး စိတ်မကောင်းဖြစ်
မိပါတယ်......
ကဲ FUN များအားလုံး ရှောင်သင့်တာလေးကို ပြောပြ ပြီးပြီနော်..
FB LOCK ကျခြင်းမှ ကင်းဝေးကြပါစေ....
Read more ...
ph ပေါ်မှာFacebook အကောင့်အများကြီးတွေသုံးချင်ပါတယ်ဆိုတဲ့ကိုယ်တော်တွေအတွက်ပါ။
Saturday, November 30, 2013
Facebook အကောင့်အများကြီးတွေသုံးချင်ပါတယ်ဆိုတဲ့ကိုယ်တော်တွေအတွက်ပါ။ ဖုန်းထဲမှာ Photo comment ပေးချင်လည်း အရမ်းလွယ်ကြောင်းပြောတာပါ။ နောက်ပြီး အထစ်အငေါ့နည်းလောက်တဲ့ Browser ကိုလိုချင်ရင် အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။
Download => Link 1 / Link 2 / Link 3
Read more ...
facebook အကောင့်  hack ခံရသူများ ပြန်လည်ရယူနည်း
Saturday, November 30, 2013
facebook အကောင့်  hack ခံရသူများ ပြန်လည်ရယူနည်းအသစ်.....ဒီနည်းလမ်းလေးကတော့  ကျွန်တော်တစ်ခါမှမရေးဘူးသေးပါဘူး.... မိမိတို့ အကောင့် ကို တစ်စုံတစ်ယောက် က တတ်နိုင်လို့  email ချိန်း လိုက်ရင်တောင်မှ ဒီနည်းလမ်းနှင့် ပြန်လည်ရယူလို့ ရပါတယ်ခင်ဗျာ။ facebook က သက်ညှာစွာနှင့် မိမိ ရဲ့  facebook အကောင့် ကို ပြန်လည် ရယူဖို့ အတွက် ( recovery ) လုပ်ဖို့ အတွက် 
နည်းလမ်းတွေပေးထားပါတယ်။လေ့ လာကြည့် လိုက်ပါ။
Step 2: My Account is Compromised ဆိုတာကိုနိုပ်ပါ။
 report hacked account
Step 3:  ဒီစာသားလေးကိုနိုပ်ပါ။ I can’t identify my account
Step 4: အောက်မှာပြထားတဲ့ ပုံလေးထဲမှာမိမိရဲ့ အချက်အလက်တွေကို ဖြည့် သွင်းပေးပါ။
Step 5: အချက်အလက်တွေမှန်ကန်ပြီဆိုပါက Submit ကိုနိုပ်ပါ။
facebook အကောင့် ကို့ recovery လုပ်လို့ ရပါပြီ။
နောက်ထပ်နည်းလမ်းများ
Step 1: ဒီကိုသွားလိုက်ပါ။  http://www.facebook.com/hacked/
Step 2:ဒီစာလေးကိုနိုပ်ပါ.My Account is Compromised
Step 3: မိမိအသုံးပြုတဲ့  email or phone number နှင့်  Facebook account (သို့  ) Facebook username, (သို့  ) သင့် ရဲ့ Facebook နာမည်နှင့် သူငယ်ချင်းရဲ့ နာမည် ကိုနိုပ်ပါ
Step 4:  Searchကို နိုပ်ပြီးရှာပါ။
Step 5:passwordအဟောင်းကို ပြန်ထည့် ပေးပါ.
Step 6: secure your accountဆိုတာရှာပြီး  Continueကိုနိုပ်ပါ။
Step 7: password အသစ်ထည့် ပေးပါ။
facebook အကောင့် ကိုပြန်လည်ရယူနိုင်ပါပြီ။
facebook နှင့် ပက်သက်ပြီး ဆက်လက်လေ့ လာရန် ဒီကိုသွားပါ။
Read more ...
Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း e-book
Friday, November 29, 2013
ဒီစာအုပ်လေးကတော့ အခုမှစသုံးတဲ့လူတွေရော သုံးတာကြာတဲ့  လူတွေအတွက်ပါ
အသေချာချာ ရေးပြထားပါတယ် ။အကောင့်တစ်ခု  စတင်ပြုလုပ်သည်မှစပီး အကုန်
လုံခြုံစွာသုံးတတ်ရေး  အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်းတွေနဲ့ 
ချက်တင်ပိုင်းဆိုင်ရာ သူငယ်ချင်းပိုင်းဆိုင်ရာ အစုံအလင်  ရေးပြထားတာမို့  လက်ရှိ
သုံးနေတဲ့သူများ အကောင့်ခဏခဏ ပျောက်သူများ ဖတ်သင်တဲ့စာအုပ်တစ်အုပ်ပါ
ကိုယ်နဲ့ အဆင်မပြေသူများ Block လုပ်နည်းနဲ့  ကိုယ့်စာမျက်နှာမှာ ညစ်ညမ်းပုံတွေ
မလိုအပ်တဲ့စာတွေ  လာရောက်နှောက်ယှက်  မရေးနိုင်အောင် ပိတ်ထားနည်းတွေ
အပြည့်အစုံရှင်းထားတာမို့  Facebook သုံးသူတွေအတွက်  ဖတ်သင့်တဲ့   စာအုပ်ပါ
ဒီလင့်မှာ Downliad ယူ - www.mediafire.com/လုံခြုံစွာဖေ့ဘွတ်အသုံးပြုနည်း)
.
Read more ...