နံပါတ်တစ်လုံးထဲနှိပ်ရုံနဲ့ဖုန်းခေါ်ပေးမယ့် - PixelPhone PRO v3.1.8 APK
Monday, December 30, 2013
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အတော်လေးကိုလန်းပါတယ်ဗျာ။ ဘယ်လိုပုံစံမျိုး လည်းဆိုတာ ကျွန်တော်ပြောပြချင်ပါတယ်။ PixelPhone PRO ဟာဆိုရင် မိမိရဲ့ အရင်းနှီးဆုံးနဲ့ ဖုန်းပြောများ တဲ့ သူတွေကို သီးသန့်အနေနဲ့ ခွဲထုတ်ပေးထားနိုင်ပြီး သူတို့ကိုလည်း သီးသန့် နံပါတ်တစ်ခုပေးထားနိုင်ပါ တယ်။ ၄င်းသီးသန့် နံပါတ်တစ်ခုကို နှိပ်လိုက်ရုံနဲ့ သတ်မှတ်ထားသူရဲ့ဖုန်းကိုခေါ်ဆိုပေးမှာဖြစ်ပါတယ်။ အရင်လိုမျိုး နာမည်တွေ နံပါတ်တွေအများကြီးရှာစရာမလိုတော့ဘူးပေါ့။ မိုးစက် Y ကို နံပါတ် 1 ပေးထား မယ်ဆိုရင် နံပါတ် 1 နှိပ်လိုက်တာနဲ့ မိုးစက် Y ကိုခေါ်ဆိုးပြီးသားဖြစ်နေမှာပေါ့ဗျာ။ .....ဟဲဟဲဟဲ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
http://apkpro.net/uploads/2013/02/PixelPhone-PRO-for-Android1.jpg 
http://apkpro.net/uploads/2013/02/PixelPhone-PRO-for-Android2.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibq9i2VQ9UK4WTFQDChiPEjz3XodpuCaHR7laRHEFJWbh0xltzk6_-0ujZWvbGG3JGic96LjT9LkqEnf5VPQZJD_Q6mcFsURZIxl5buyszfgauHZckAOYdJrPWQ2jYNA-blUvhW5zj6MU/s1600/PixelPhone+PRO+1.jpg 
http://appstore-24.com/wp-content/uploads/PixelPhone-Pro-screenshot-298x300.png
http://cdn7.staztic.com/app/a/709/709526/pixelphone-phone-contacts-76-7-s-307x512.jpg 
Features:
  • Quick and easy organization of favorite contacts into groups
  • Smooth scrolling groups up and down
  • Quickly navigate to a group by swiping your finger
  • Tap on bottom group indicator to hand pick a group
  • Different size of icons and labels to contacts for each group
  • Favorite action for contact in one-touch (call, send message, locate address, ...)
  • The contact card with details and history of calls
  • Classic or widescreen background image for groups
  • Quick T9 search through all fields of contacts and call history
  • Support for multiple languages for T9 search
  • Customizable dialpad size (small, medium and large)
  • Display the call history (the grouping, missed/all calls ...)
  • Support dialpad gestures (hide the keyboard, clean filters or undo input)
  • Customizable contact list (photos, phone number, organization, ...)
  • Speed ​​Dial
  • Clipboard support
What's in this version : (Updated : Dec 27, 2013)
  • DualSIM support (Try to change "Method of call" if call from SIM1 or SIM2 does not work)
  • Optimization and some bug fixes...
Required Android O/S : 2.1+
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Read more ...
camera zoom
Monday, December 30, 2013
Camera ZOOM FX apk
ဓါတ်ပုံရိုက်တာဝါသနာပါသူများအတွက် အထူးသင့်တော်တဲ့ Camera ZOOM FX နောက်ဆုံးထွက်ထားတဲ့ Application လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဓါတ်ပုံမရိုက်နေတုန်းအချိန်မှာနှင့် ရိုက်ထားပြီးသား ဓါတ်ပုံ များကို ပြုပြင်နိုင်ပြီး Effect ပေါင်းများစွာနဲ့ အလှဆင်နိုင်တဲ့ Feature တွေပါဝင်ပါတယ်ဗျာ။ Feature တွေကို ကျွန်တော်ပြောပြ တာထက်ကိုယ်တိုင်စမ်းသုံးပြီး ကလိကြည့်တာပါကောင်းပါတယ်။ Android OS 1.5 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Read more ...
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်
Tuesday, December 17, 2013
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။  
- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။
- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို့ ရပါတယ်။
- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘ၀မှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။
Read more ...
အကောင်းဆုံး Mobile Action Game - DarkSlayer-EX v1.6 (Mod-apk+obb) [90MB]
Monday, December 16, 2013
Cover art
ဖုန်းအားလုံး နီးပါးမှာ အဆင်ပြေပြေနဲ့ ကစားနိုင်သလို Graphic လဲ ကောင်းတဲ့ Action Game တစ်ခု ဖြစ်ပါတယ်.. 
ကလေး ကြိုက် ဂိမ်း မျိုးဖြစ်သလို တကယ်ဆော့ ကြည့်ရင် ငယ်ငယ်တုန်းက ဂိမ်းတွေကို ပြန်သတိရစေမှာဖြစ်ပြီးတော့ လက်မလွတ်တမ်းဆော့ ဖြစ်မဲ့ ဂိမ်းပါ.. ပြောနေတာကြာပါတယ်.. အဆင်ပြေတယ်ဆိုရင် စမ်းဆော့ ကြည့်စေချင်ပါတယ်.. လက်ရှိ နောက်ဆုံး Version ဖြစ်တဲ့ v1.6 ကို တင်ပေးလိုက်ပါတယ်.. Mod လဲ လုပ်ထားပေးတာဖြစ်လို့ UNLIMITED GOLD AND GEMS နဲ့ အဆင်ပြေပြေ ကစားနိုင်ပါတယ်.. MiloShare ကနေပဲ တင်ပေးလိုက်ပါတယ်.. အောက်ပါလင့်မှာ Download လုပ်လိုက်ပါနော်....
:: Useful Tips For Downloading ::
Download Link ကို နှိပ်ကြည့်လို့ Adfly လင့်ထွက်မလာလျှင် Download Link ကို Open In New Tap ဖွင့်ပြီး Download ပြုလုပ်ပါ..
ထို့နောက် 5 Sec မျှ စောင့် ပြီး ညာဖက် အပေါ်ထောင့်မှာ Skip AD ဆိုသည်ကို နှိပ်ပြီး Download Page ကိုရောက်အောင်သွားပါ...
Download Page တွင် Start Download ကိုနှိပ်ပြီး ဒေါင်းပါ.. Android အတွက် ADM ,  PC အတွက် IDM တို့ ရှိက အဆင်ပြေသည်။ 
<<How to skip Adfocus & go to Download Link>> https://fbcdn-photos-e-a.akamaihd.net/hphotos-ak-ash3/1381518_479317455500906_968021967_n.jpg
Download | Mirror
Read more ...
်facebook passward မေ့ခဲ့ရင်
Friday, December 13, 2013
အရင်ဆုံးforgot your passwardကိုကလစ်လိုက်ပါ
ပြီရင်ph nambus ,emailor fullnameဆို့အကွက်ထဲမှာမိမိ
အီးမေးလ်ထည့်ပေးလိုက်ပါ
ပြီးရင်မေးလ်ပို့ပါလိမ့်မယ်မေးထဲမှာ
 your requested a new face book passwordဆိုတာကိုကလစ်လိုက်ပါ
ထိုအခါpasswordအသစ်ပေးဖို့အကွက်ကလေးပေါ်လာလိမ့်မည်
အသစ်ကိုနှစ်ကွက်လုံးမှာထည့်ပေးလိုက်ပါအဆင်ပြေပါလိမ့်မယ်(မှက်ချက်။  ။အမြဲတော့မရပါ ရသူများပါသည်)
အရှုံးတော့မရှိဘူးစမ်းကြည့်ပါ  အဆင်ပြေပါစေ
Read more ...
ZawGyiFonts ဖြင့် Virus ကာကွယ်နည်း (မြန်မာလို EBook)
Thursday, December 12, 2013
ZawGyiFonts ဖြင့် Virus ကာကွယ်နည်း မြန်မာလိုစာအုပ်လေးတင်ပေးလိုက်ပါတယ်..ZawGyi Fonts ဖြင့်ဘယ်လို Virus ကာကွယ်ရမယ်..Virus ရဲ့သဘောသဘာဝကို အခြေခံ ဗဟုသုတရှင်းပြထား ပါတယ်။ ကွန်ပျူတာ လေ့လာနေသူများအတွက် အထောက်အကူပြုပေးနိုင်တဲ့ စာအုပ်ကောင်းလေးတစ်လက်ဖြစ်ပါတယ်။ 
Download ==> Link 1 / Link 2
Read more ...
Computer ပေါ်မှာ ငါးအလှမွေးထားမယ် DreamAquarium_1.234_Full.exe
Thursday, December 12, 2013
မင်္ဂလာပါခင်ဗျာ. . .ဒီဆော့လ်ဝဲကတော့ ကျွန်တော်တို့ ကွန်ပျူတာ Screen Saver ကို ငါးအလှလေးတွေနဲ့ ပုံစံတစ်မျိုးလေးသုံးချင်သူးများအတွက်တင်ပေးလိုက်ပါတယ် . . .Screen Saver နေရာမှာ ဒီ Dream Aquarium ကိုပြောင်းပေးလိုက်ရင်ရပါပြီ . . .လိုချင်သူများဒေါင်းနိုင်ပါပြီခင်ဗျာ
အဆင်ပြေပါစေ . . .
Read more ...
Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )
Thursday, December 12, 2013
သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...
ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် ..
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော ..
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် ..
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် ..
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် ..
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ ..
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ ..
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် ..
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် ..
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ ..
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ ..
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..
Download => Link 1 / Link 2
ဒေါင်းပြီးပြီဆိုရင် မိမိစက်မှာဖြစ်နေတဲ့ Error ကိုရှင်းဖို့စပါ့မယ် .. ဒေါင်းထားတဲ့ ဖိုင်ထဲက Launch Fix ကိုနှိပ် လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါ့မယ်
အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်
အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်
အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်
နောက်တစ်ဆင့်သွားဖို့ Next  ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ..
Read more ...
Viber version 4.1 update
Thursday, December 12, 2013
Verion 4.0.1.7မှာ သိသိသာပြောင်းလဲ မူမရှိသော်လည်းယခု Version 4.1မှာတော့ ပြောင်းလဲလာပါပြီ။
အရင်တုန်းက Chat Boxရဲ့Background Photoကို ထည့်မှ ရသော်လည်း ယခုအခါ Chat Box
Backgroung PhotoကိုDefault Photoအနေတွေနဲ့ပါဝင်လာပါပြီ။
Playstorရှိသူ များတော့ Auto Updateပေးပါတယ်။မရှိသူများနဲ့ ဒေါင်းဖို့ အခက်အခဲရှိသူများက
အောက်မှာဒေါင်းယူနိုင်ပါတယ်။
(Huawei C8813,8813Dနှင့် G510တို့တွင် Viber version 2.1.1(သို့)2.1.6တို့နှင့်သာ
အဆင်ပြေခြင်း
ရှိသည့်အတွက် ယခုဗားရှင်းဖြင့် အဆင်ပြေသည် မပြေသည်ကို မသိပါဘူးခင်ဗျာ.....)
အောက်မှာပုံနှင့်တကွဆက်လက်ကြည့်ရှု့ပါ..........................
အောက်ကပုံလေးတွေကတော့ ကျွန်တော်သိရသလောက် မြင်တွေရတဲ့ 4.1ရဲ့
Featresတွေပါ။
Viber version 4.1
credit - http://www.aungkyaw.net/
အဆင်ပြေပါစေ . . .
Read more ...
အွန်လိုင်းပေါ်မှ ငွေရှာနည်း
Friday, December 6, 2013
အွန်လိုင်းပေါ်မှ ငွေရှာနည်း အတွဲ ၁ နဲ့ အတွဲ ၂ နှစ်ခုကို စာအုပ်တစ်အုပ်တည်းအဖြစ် ပြုလုပ်
ပေးထားပါတယ်။ဒီစာအုပ်ထဲမှာ ပိုက်ဆံများများ
ပေးတဲ့ ဆိုဒ် ၂ ခု အကြောင်းနဲ့ လုပ်ဆောင်ရ
မယ့်နည်းလမ်းတွေကိုရေးသားထားပါတယ်။
ပြီးတော့ အရင် အတွဲ ၁ စာအုပ်က မရှင်းလင်း
သည့်အချက်များ အခက်အခဲအမေးအမြန်းတွေ
ကိုအခုဒီစာအုပ်ထဲမှာ ပြန်လည် ဖြေဆိုရှင်းပြ
ပေးထားပါတယ်။ပိုက်ဆံအပေးများတဲ့ ဆိုဒ် ၂ ခု
အကြောင်းနဲ့လုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုလည်းရှင်းလင်းရေးသားထားပါတယ်။
pdf file size11.92MB ရှိပြီး စာမျက်နှာ32
မျက်နှာနဲ့ ဖွဲ့ စည်းပေးထားပါတယ်။အောက်က
လင့်ခ် တွေမှာဒေါင်းယူနိုင်ပါပြီ။
♣credit to mmithelper♣
………………………………………………
 "One Click Download" လင့်ခ်
………………………………………………………………………
 "megacloud" လင့်ခ်
………………………………………………………………………
 "dropbox" လင့်ခ်
………………………………………………………………………
~နှစ်သက်ရာ လင့်ခ်မှ ဒေါင်းယူပါ~
Read more ...
♥ ကိုယ့်​ပုံကို ကာတွန်း Sticker ပုံ​လေး​တွေအဖြစ်​ဖန်​တီး​ပေးမယ့်​`Sticker Me` App
Friday, December 6, 2013
image
✔ ကိုယ့်ပုံကို ကာတွန်း Sticker အဖြစ် ဖန်တီးနိုင်မယ့် StikerMe✔
(Credit To Mobile Knowledge)
ကိုယ့်ပုံကို ကာတွန်း Sticker အဖြစ် ဖန်တီးနိုင်မယ့် StikerMe
Chatting တွေမှာ Sticker လေးတွေ ပို့တာ နှစ်သက်သူများအတွက်
အလန်းစား Sticker app လေးတစ်ခု တင်ဆက်လိုက်ပါပြီ။ မိုက်မှမိုက်။
ဘယ်လိုလဲဆိုတော့ မိမိ မျက်နှာကို ကာတွန်း Sticker ပုံလေးတွေအဖြစ် ..
ဖန်တီးနိုင်ပါမယ်။ ပုံမှန်အတိုင်း မျက်နှာကို တည်တည်ထားပြီး ဓါတ်ပုံ
ရိုက်လိုက်ရုံပါပဲ။ ခံစားမှု မျိုးစုံ ဖြစ်နေတဲ့ မျက်နှာအမူယာများကို ..
app ကနေ သူ့အလိုလို ဖန်တီးပေးသွားပါတယ်။ ငိုတာ၊ ရယ်တာ၊
စိတ်ညစ်တာ၊ ပျော်တာ .. စသဖြင့် မျက်နှာ အမူယာများကို ...
StikerMe က ဖန်တီးပေးသွားလို့ တော်တော်လန်းတယ်ခင်ဗျ။
Sticker ဒီဇိုင်း များစွာ ဖန်တီးနိုင်ပြီး .. ဖန်တီးထားတဲ့ Sticker တွေကို
facebook, Line, Viber .. အစရှိတဲ့ Social Chatting တွေမှာ ..
အသုံးပြုလို့ရတယ်ဗျာ။ Sticker update များကိုလဲ အမြဲ တင်ပေးပါတယ်။
file size ကတော့ နည်းနည်းကြီးတယ်ဗျ။ 40MB ရှိပါတယ် 
သည်းခံပြီး ဒေါင်းကြပါ။ ကလိပြီးတဲ့အခါ သဘောကျသွားပါလိမ့်မယ်။
အဆင်ပြေတဲ့ link ကနေသာ ဒေါင်းကြပါ။ ကျွန်တော်လဲ 40MB ကိုတင်တာ
တစ်နာရီကျော်လောက် အချိန်ပေးလိုက်ရပါတယ်။
Android 2.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။
♥ Download လင့်​ခ်​ ၁♥
                (or)
♥ Download လင့်​ခ်​ ၂♥
Read more ...
Zaxwerks ProAnimator v7.0.0 (plugin After Effects) Pre-Cracked
Thursday, December 5, 2013
http://i.imgur.com/ayCNred.png
3D Animation တွေ ကိုကိုယ်တိုင်ဖန်တီးချင်သူ များအတွက် Zaxwerks ProAnimator v7.0.0 နောက်ဆုံထွက် Version ကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့မှာအသင့်ပါဝင်ပြီးသား 3D Effect , 3D Text တွေကလည်း စုံစုံလင် လင်နဲ့တော်တော်လေးမိုက်ပါတယ်။ မိမိစိတ်ကူးကောင်းရင် ဖန်တီးနိုင်စွမ်းရှိမယ်ဆိုရင် အရမ်းလန်းတဲ့ Animation တွေ 3D Logo တွေ 3D Text တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။ အသေးစိတ်ကိုတော့အောက် မှာလေ့လာနိုင်ပါတယ်နော်။
ProAnimator comes in two forms: as a standalone application and as an After Effects plug-in. Both products act exactly the same, but the plug-in is integrated into Adobe After Effects, so you can do all of your authoring with After Effects. The standalone application doesn't require a host product, so you may generate your animated movies independent of any particular target. You may even import a standalone ProAnimator scene into the ProAnimator plug-in (or vice versa) for added flexibility.
ProAnimator includes all of the powerful 3D content creation tools as the 3D Invigorator PRO product. It also contains a next generation animation system that can be used to quickly generate complex animations that would take hours to create in other 3D applications.
Lighting Set-Up
Ray Trace Reflectivity and Shadows
Object Fragmentation
Automatic Object Creation
Refraction (Glass, Ice, Water Materials)
Grid Shader
Customizable Workspaces
Realtime Drawing Tools
Object List
3D Text Creation
3D Text Substitution
Lathe Objects
Import/Export Objects
Motion Blur
Parenting & Tracking AE's 3D Objects
Gradient & Noise Editor
Object Deformation & Warping
Mapping Techniques
Highlight Mapping
Wireframe and Hidden Line Rendering
Fresnel Coloring
Cartoon Coloring
Absolute Coloring
Matte Coloring
Shadow Catcher Rendering
New in Version 7.0.0 - Major Release:
* Compatible with After Effects CS5, CS5.5, CS6 and After Effects CC
* Compatible with Windows Vista, Windows 7, Windows 8 / OSX 10.6.8 or above and Intel Mac Only
* Lighting
- Light Tracks & Light Actions - Create your own lighting animations using the familiar Pose and Transition system.
- Use Light Brightness Actions to set up light animations where lights fade, blink, pulse, or flicker on and off.
- Light Rotation Actions can be used where lights rotate randomly such as in a concert, bar or club.
- Light Color Actions create light color animations without use of keyframes.
- Advanced lighting controls tracks lights objects, camera and more.
- Use Fan controls for lights to fan out, or converge at a point.
- Work with Parallel, Point or Spot lights to create a realistic 3D environment.
- Lighting Fixtures - Dozens of lighting fixture presets.
- Variety of Trusses and Pipes - Create complex trusses such as box, triangular, rectangle trusses, or laced and ring pipes with a click of a button.
- Lens Flares - Dozens of Lighting Flares can be used for any lighting effect. Contains a wide variety of flares to use for professional stage effects.
- Flare Editor. This lets you create extremely realistic glows and spikes to produce the perfect flare for your scene.
- Light Cones - Customize your light with dozens of different beams such as hard, soft, smooth, wash, and many other moody lights.
- Lighting Rigs - Use lighting rigs to instantly add stage elements to your project.
* Gorgeous Photo-Realistic Materials - Over a hundred highly detailed, seamless materials.
* Newly Designed Interface - Re-designed buttons and easier to read text.
- Auto-Save - The Auto-Save feature automatically saves your project so you have a backup of your file as you're working.
- Increment and Save - Automatically increments your save file so you have multiple versions of your project file as a back-up.
System Requirements
- Host: Adobe After Effects CS5 - CS6 and After Effects CC.
- Pentium 4 or better
- Windows Vista, Windows 7 or Windows 8
- A video card that supports floating point calculations.
Language : English
Homepage : http://zaxwerks.com/proanimatorae/index.shtml
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Read more ...
Desktop PC တစ်လုံး ၀ယ်တော့မယ် ဆိုရင်
Thursday, December 5, 2013
Laptop ကို အသုံး ပြုသူ အများ စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ ကိုမဆို သယ်သွားလို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ်သလို နောက်ဆုံးပေါ် ဂိမ်းတွေ၊ ဒါမှ မဟုတ် ဗွီဒီယို တည်းဖြတ် မှုနဲ့ Graphics ပိုင်း တွေမှာ မနိုင်တာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။
 ယနေ့ ခေတ်မှာ Desktop တွေဟာ စွမ်းဆောင်မှု အပြည့် အ၀ ပေးနိုင်တဲ့ အပြင် စတိုင် ကျပြီး နေရာလည်း သိပ်မယူ တော့ပါဘူး။ အခုမှ စပြီး ကွန်ပျူတာကို သုံးမယ့် သူတွေဟာ  Desktop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို သိထားသင့် ပါတယ်။
Processor
Processor ဆိုတာ PC တစ်လုံးရဲ့ အင်ဂျင်လို့ ဆိုနိုင် ပါတယ်။ မြန်ဆန်ပြီး စွမ်းဆောင်မှု ပြည့်ဝတဲ့ Processor ဟာ သင့်ရဲ့ ကွန်ပျူတာကို အချိန်တို အတွင်းမှာ အလုပ် တွေကို လျင်လျင် မြန်မြန်နဲ့ ပြီးစေ ပါတယ်။ Intel’s Core Processor တွေဟာ အခြေခံ အားဖြင့် သုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေ ကတော့ i3, i5, i7 တို့ ဖြစ်ပြီး သာမန်၊ ပိုကောင်း တာနဲ့ အကောင်းဆုံး ဆိုပြီး ခွဲခြားထား တာပါ။ Core i3 Processor ကိုတော့ လုပ်ငန်း သုံးဖို့နဲ့ Entry-level System တွေမှာ အသုံး ပြုတတ် ကြပါတယ်။ Core i7 ကိုတော့ High-end PCs တွေ အတွက် သုံးပြီး Core i5 ကတော့ သာမန် အလယ် အလတ် တန်းစားတွေမှာ အသုံးပြုပါတယ်။ Basic computing အတွက်ဆိုရင်တော့ Core i3 ဒါမှမဟုတ် Core i5 တို့ကို အသုံး ပြုရင် အဆင် ပြေပေမယ့် တကယ်တမ်း စွမ်းဆောင်မှု အပြည့်အ၀ သုံးဖို့ လိုတာမျိုး ဒါမှ မဟုတ် Advanced Gaming တွေမှာ ဆိုရင်တော့ Core i7 ကို အသုံး ပြုသင့် ပါတယ်။
Memory(RAM)
Processor ဟာ PC တစ်လုံးရဲ့ အင်ဂျင် ဆိုရင် Memory ဟာ လောင်စာဆီ တစ်ခု ဖြစ်မှာပါ။ သင့်ရဲ့ Desktop PC မှာ Application အမျိုးမျိုးကို ဖွင့်မယ် ဆိုရင် Memory ကနေ တစ်ဆင့် တင်ပေး ရတဲ့ အတွက် သူဟာလည်း အရေးပါ ပါတယ်။ Memory အရွယ် အစားပေါ် မူတည်ပြီး သင့်ရဲ့ PC ဟာ မတူညီတဲ့ Application ဘယ်လောက်ကို တစ်ချိန် တည်းမှာ ပြရ မလဲ ဆိုတာကို တွက်ချက် နိုင်မှာ ဖြစ်ပြီး Overall Performance ဟာလည်း Memory ပေါ်မှာ မှီခိုနေ ပါတယ်။
လက်ရှိ အချိန် မှာတော့ RAM 4GB ဆိုတာ အနည်းဆုံး ဖြစ်ပြီး Gigabyte ပိုများလေ၊ လုပ်ငန်း များများကို ပိုလုပ်ပေး နိုင်လေ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယို၊ 3D ရုပ်ပုံ တွေနဲ့ ပတ်သက်တဲ့ တည်းဖြတ်တာ အစ ရှိတဲ့ လုပ်ငန်းမျိုး တွေကို လုပ်မယ် ဆိုရင်တော့ အနည်းဆုံး Memory 8GB လောက်ကို အသုံး ပြုမှ အဆင် ပြေပြေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ် လို့များ သင်ဟာ Memory 4GB ထက် များတာကို သုံးဖို့ လိုတယ် ဆိုရင်တော့ သင် အသုံး ပြုမယ့် Windows Version ဟာ 64-bit ဖြစ်ဖို့ လိုပါတယ်။
Expandability
Desktop PC တွေရဲ့ အားသာချက် တစ်ခု ကတော့ သုံးရတာ ပိုအဆင် ပြေစေဖို့ အတွက် အစိတ် အပိုင်း တွေကို ထပ်ထည့်တာ လဲတာ မျိုးတွေ လုပ်လို့ ရတာ ဖြစ်ပါတယ်။ အရွယ် အစား ပိုကြီးတဲ့ Tower Case တွေမှာ အကန့်တွေ ပိုများတဲ့ အတွက် Hard Drives, DVD Drives, Graphics Card နဲ့ တခြား အစိတ် အပိုင်း တွေကို စိတ်ကြိုက် ထည့်ဖို့ ပိုအဆင် ပြေစေ ပါတယ်။
တကယ်လို့ သင့်ရဲ့ Tower Case ဟာ အသေးစား ဒါမှ မဟုတ် All-in-one အမျိုး အစား ဖြစ်ပြီး Expand လုပ်ဖို့ အတွက် လိုအပ်တဲ့ Port တွေ ရှိမယ် ဆိုရင်တော့ External Device တွေကို ပေါင်းထည့် ပြီးတော့ Capabilities မြှင့်လို့ ရပါတယ်။ USB, Thunderbolt, Firewire, HDMI နဲ့ တခြား Port တွေဟာ တခြား External Hard Drive တွေ ဖြစ်တဲ့ External Hard Drives, Webcams အစ ရှိတာ တွေကို ချိတ်ဆက် ပေးနိုင်မှာ ဖြစ်ပါတယ်။
Reference: Pcworld.com
Credit :  http://itnews.credowave.com
Read more ...
Facebook သည် လူမှုဆက်ဆံရေး၏ နိမိတ်ပုံများ အထင်ဟပ်ဆုံး နေရာဖြစ်လာ
Wednesday, December 4, 2013
Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။
ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။
အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။
ကွန်နဲလ် တက္ကသိုလ်တွင် ပြုလုပ်သော သုတေသန ရလဒ်တစ်ခုက Facebookနှင့် Social Mediaများအပေါ် လူအများ မှီတွယ်မှု ပိုမို
အားကောင်းလာသည်နှင့်အမျှ အတွင်းရေး ခံစားချက်များကို သွန်ထုတ်ရန် အသုံးများလာကြောင်း ညွှန်ပြလျှက်ရှိသည်။
ထို့အပြင် စုံတွဲတစ်တွဲနှင့် တိုက်ရိုက်သိကျွမ်းမှု မရှိသည့်တိုင် ယင်းတို့နှင့် ဆက်စပ်သူငယ်ချင်းများထံမှတစ်ဆင့် ထိုစုံတွဲ၏ လားရာအခြေအနေ
ကောင်းမကောင်း ဆိုသည်ကိုပါ ခန့်မှန်းလာနိုင်လိမ့်မည်ဟု ယင်းတက္ကသိုလ်
မှ လူမှုဆက်ဆံရေး ပညာရပ်ဆိုင်ရာ သုတေသီများက ကောက်ချက်
ချခဲ့သည်။ ယခုသုတေသန စစ်တမ်း၏ နောက်ကွယ်မှ ပညာရှင်များက Facebookတွင် လူတစ်ဦး၏ စိတ်ခံစားချက် အရိပ်အကဲသည် ဆက်စပ်နေသည့် မိသားစုနှင့် မိတ်ဆွေများထံ အလွယ်တကူ ပျံ့နှံ့တတ်ကြောင်း ရှင်းပြခဲ့သည်။
သုတေသီများက Facebookတွင် သူငယ်ချင်း တစ်ဦး၏ ကြားခံသူငယ်
ချင်းများ ရောနှောနေခြင်းထက် နယ်ပယ်အသီးသီး ခွဲထားခြင်းက ဆက်ဆံရေး ပိုမိုခိုင်မြဲစေကြောင်းလည်း ဆိုသည်။ ထို့အပြင် Social Networkများ၌ တစ်ဦးချင်း ဆက်ဆံရေး ခိုင်မြဲမှုထက် မိမိ၏ အမှန်တကယ် ရင်းနှီးကျွမ်းဝင်သူ အရေအတွက် ချိတ်ဆက်မှု ကျယ်ပြန့်ခြင်းကလည်း ပိုမိုအရေးပါသည့် ညွှန်ကိန်း ဖြစ်လာကြောင်း ပညာရှင်များက မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
Read more ...
facebook နှင့် ဆိုင်သောကျူတိုရီယယ် များ စုစည်းမှု ( pdf file )
Wednesday, December 4, 2013
facebook နှင့် ပက်သက်သော ကျူတိုရီယယ် များ စုစည်းမှု ...ဘလော့ ကာအူးးးးးအူးးးတွေရေးထားတဲ့ 
ကောင်းနိုးရာရာလေးတွေကိုတစ်နေရာတည်းကနေအဆင်ပြေပြေဖတ်နိုင်အောင်စုစည်းပေးထားတာပါခင်ဗျာ။
အထဲမှာ ပိုစ် ပေါင်း (၁၆ ) ခုကိုစုည်းထားပေးပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကတော့  ( 3MB ) ပဲရှိပါတယ်။ကဲတစ်နေရာတည်းကနေ ဒီအကြောင်းအရာတွေကို လွယ်လွယ်ကူကူဖတ်နိုင်ပါပြီ။
Facebook မှာ သိထားသင့် တဲ့ အကောင့်  security အကြောင်းများ
facebook မှာ password မေ့ သွားတာကိုပြန်ယူမယ်
facebook မှာ report တင်နည်း
facebook မှာ လော့ ကျသွားတဲ အကောင့် များ ကိုပြန်ယူနည်း
facebook မှာ 3 trusfriend ဖြင့်  မိမိတို့ အကောင့် ကို ပြန်လည်ရယူခြင်း။
facebook မှာ လော့ မှန်သမျှ အကုန်ရ ဥုံဖွ နည်းလမ်းကောင်း။
facebook မှာ hack ခံရသောအကောင့် အားပြန်ယူနည်း။
facebook မှာ email password ချိန်းပြီး hack သွားသောအကောင့် ကိုပြန်ယူနည်း။
facebook မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စာလုံးလှလှလေးတွေနဲ့ ချက်မယ်။
faceboo မှာ teamviewer ကဲ့ သို့ သော app ကိုအသုံးပြုနည်း။
facebook မှာ အီးမေးထဲသို့  notification မဝင်အောင်ပိတ်နည်း။
facebook မှာ chatting box ထဲက စာလုံးလှလှလေးများအကြောင်း
facebook မှာ မိမိနှစ်သက်သော style အသစ်အဆန်း ထွင်သုံးခြင်း
facebook မှာ website down သွားသည့် အခါ ပိုစ် တင်နည်း။
facebook မှာ Message တွေကို scrip သွင်းပြီးဖျက်နည်း။
Download - zippyshare  ,  solidfiles tusfiles 
Read more ...
ဖေ့စ်ဘွတ်ခ်သုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးတရားတွေ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။  
- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။
- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို့ ရပါတယ်။
- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘ၀မှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။
Read more ...
ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။
၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။
၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။
အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
ဆူးချိုး
Ref: mensxp
Read more ...
Adobe Premiere Pro cc 7 ကိုအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်
Wednesday, December 4, 2013
Adobe Premiere Pro cc 7 ကိုအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။ဘာတွေဘယ်လိုသုံးရလဲ
ဆိုတာတော့ အနော်လည်းမပြောပြတတ်ပါဘူး ဘလော့ မှာဆော့ ဝဲလေးတွေစုံစုံလင်လင်ရှိအောင်တင်ပေးတာကလွဲလို့ 
ဘာမှမပြောပြနိုင်တာခွင့် လွတ်ပါ။အသုံးပြုလိုသူများအောက်မှာ
ဒေါင်းပါ။
Or
www.secureupload.eu Part1 www.secureupload.eu Part2 www.secureupload.eu Part3
Read more ...
Rocket Player Premium (Full Version) Andriod ဖုန်းတွေအတွက် အရမ်းလန်းတဲ့ Player လေးပါ။
Wednesday, December 4, 2013
Rocket Player လေးက Andriod ဖုန်းတွေအတွက် Player လေးပါ။ ကျနော်လက်ရှိ သုံးနေတဲ့ Player လေးပါ။ Mp3 တခုထဲ မကပဲ Video ပေါင်းစုံကို Rocket Player တခုတည်းမှာပဲ ဖွင့်လို့ အဆင်ပြေပါတယ်။ အသံလည်း လိုသလို ချိန်လို့ရပါတယ်။ Playstore မှာ US$3.99 ဒေါ်လာ နဲ့ ပေးဝယ်ရတဲ့ Rocket Player Premium Unlocker လည်း တွဲတင် ပေးထားပါတယ်။ သူငယ်ချင်းတို့ Full Version အသုံးပြုနိုင်ပါတယ်။
   Install နည်းကတော့ အောက်ကပေးထားတဲ့ Rock Player.apk နဲ့ Rocket Player Premium Unlocker.apk ကို ၂ခုလုံး Install လိုက်ပါ။ ပြီးရင်တော့ Rocket Player လေးက Full Version အဖြစ် အသုံးပြုနိုင်ပါပြီ။ Andriod Version 2.1 အထက်မှာ အားလုံးအဆင်ပြေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ v2.6.1 ကို တင်ပေးလိုက်တာပါ။ ကြိုက်ရင် အောက်ကလင့်မှာ ဆွဲထားကြနော်။
App Screenshots
 Rocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnail
Rocket Player Premium Unlocker - screenshot thumbnail 
အားလုံးအဆင်ပြေပါစေ.......။
Read more ...
Facebook ရဲ့  Free Application နဲ့ တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်ကြမယ်
Wednesday, December 4, 2013
နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။
ပထမဆုံး Deskhop App page ကိုသွားပါ။ “Go to App” ကိုနှိပ်ပါ။
clip_image002
သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။
clip_image004
clip_image006
ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခနတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။
ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း  အလိုလို ဖျက်ပေးမှာပါ။
ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။
Read more ...
Camera 3D
Wednesday, December 4, 2013
Camera 3Dတော်တော်လန်းတယ်ပြောပြမနေတော့ဘူးရဲရဲသာဒေါင်းတော့နော်
Read more ...
အရိုးအရှင်းဆုံးငွေရှာနည်း
Wednesday, December 4, 2013
အွန်လိုင်းမှာငွေရှာနည်းလေးပါ။သိတဲ့ သူတွေမိတ်ဆွေတွေကတော့ ကျော်သွားလိုက်ပါခင်ဗျာ။ကဲစိတ်ဝင်စားတယ်ဆိုရင် 
အောက်မှာလုပ်ပုံလုပ်နည်းကိုအသေးစိတ်ပြထားပေးပါတယ်ခင်ဗျာ။တကယ့် ကိုအရိုးအရှင်းဆုံးနဲ့ အထိအရောက်ဆုံးရှာဖွေနိုင်မဲ့ နည်းလမ်းလေးမို့ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်.
အရင်ဆုံးအနေနဲ့  မိမိတို့ အချိန်ကုန်ပြီးထိုင်ကလစ်စရာမလိုအောင် auto ကလစ်လုပ်နိုင်မဲ့ နည်းလမ်းလေးကိုအရင်ဆုံးမိမိတို့  browser မှာထည့် သွင်းထားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း ADD ON ဆိုတာလေးကိုနိပ်ပေးလိုက်ရုံပါပဲ။
ဒါကတော့ AUTO CLICK လုပ်ပေးမဲ့ ကောင်လေးပါပဲ သူကို့ လည်းဒီမှာ INSTALL လုပ်ရမှာပါ
Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။
အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။
View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ် .
အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…
ကြော်ငြာတွေကို ကလစ်လုပ်တဲ့နေရာမှာ 24 နာရီပြည့်မှ ကြော်ငြာတွေကို ကလစ်ဖို့ အရေအတွက်အသစ်ထပ်
ထုတ်ပေးသွားပါတယ်.
ကျနော်တို့ ကလစ်လို့ရလာတဲ့ငွေတွေက Main Balance ထဲကိုဘဲ ၀င်မှာပါ Mail Balance ထဲမှာ အနည်းဆုံး
$ 0.8000 လောက်ရလာပြီဆိုတာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်စပါတော့မယ်..မ၀ယ်ခင်အရင်ဆုံး Main Balance ထဲက
ရတဲ့ငွေတွေကို Rental Balance ထဲသို့ ပြောင်းပါမယ်..ဘယ်လိုပြောင်းမလဲဆိုရင် Rental Balance
ရဲ့ညာဘက်ပေါ်နားက [ Add Funds ] ဆိုတာကို နှိပ်လိုက်ပါ … အောက်ကပုံကိုကြည့်ပါ။
အဲဒီမှာ ရွေးစရာသုံးခုထဲက Probux MAIN BALANCE ဆိုတာကိုနှိပ်လိုက်ပါ..ပီးရင်အောက်က ပုံကိုဆက်ကြည့်ပါ။
ပုံမှာ $ 0.10 ပြထားတာတွေ့ပါလိမ့်မယ်…အခု အပေါ်က ကျွန်တော် နမူနာ ပြတဲ့ ပုံမှာ ငွေက $ 0.1730 ဆိုတော့ $ 0.10 ထက်တော့ ကျော်နေ
ပါတယ်..ဒီတော့ အဲဒီ $ 0.10 ပမာဏလောက်ကိုဘဲ Rental Balance သို့ရွေ့လိုက်ပါမယ်။ ADD FUNDS ကိုသာနှိပ်
လိုက်ပါ.. ဒါဆိုရင်အောက်က ပုံအတိုင်း Main Balance ထဲက ငွေတွေက Rental Balance ထဲသို့ရောက်သွားတာ တွေ့
ပါလိမ့်မယ် ။
အစက $ 0.1730 ရှိတာ Main Balance ကနေ 0.10 $ ကို Rental Balance ထဲကိုရွေ့လိုက်တော့ ပုံမယ်မြင်တဲ့အတိုင်းပါ
ဘဲ..Main Balance မှာ $0.0730 ဘဲကျန်ပါတော့တယ်.. ကျန်တာက Rental Balance ထဲကိုရောက်သွားပါပြီ.. ဒီလိုနည်း
နဲ့ ကြော်ငြာတွေကို ကလစ်ရင်း Main Balance ထဲမှာငွေတွေများလာတဲ့အခါ Rental Balance ထဲသို့ ရွေ့ပါ..အဲလိုလုပ်
လုပ်ရင်းနဲ့ Rental Balance ထဲမှာ အနည်းဆုံး $0.8000 လောက်ရဘီဆိုရင် ရှယ်ယာ ၀ယ်တဲ့အဆင့် စပါတော့မယ် .
အိုကေ..အောက်မယ်ပြထားတဲ့ ပုံထဲက Rent Referrals ဆိုတဲ့ အရုပ်လေးကို ကလစ်လိုက်ပါ။ 
ကလစ်လိုက်တာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်..အောက်ကပုံကိုကြည့်ပါ..
ပုံမှာမြင်ရတဲ့အတိုင်း ရှယ်ယာ 3 ခု 10 ခု 20 ခု 50 ခု 70 ခု 100 ခု ဆိုပြီးရှိပါတယ်.. ရှယ်ယာ 3ခုကို 0.6 ဒေါ်လာနဲ့
ဝယ်ရပါမယ် အဲဒါတွေကိုဘယ်ကရတဲ့ ငွေနဲ့ဝယ်မလဲဆိုရင် Main Balance ထဲကရတဲ့ငွေကို Rental Balance ထဲသို့
ရွေ့ထားတဲ့ ငွေတွေနဲ့ ၀ယ်ရမှာပါ..မိမိ စုလာတဲ့ငွေတွေက 0.8000 ရနေပြီဆိုတော့ ရှယ်ယာသုံးခုကို စ၀ယ်ပါမယ် ပုံ
မယ်ပြထားတာက ကျနော်စုနေတာ 0.8000 မပြည့်သေးတဲ့အတွက် ၀ယ်လို့မရသေးဘူး don’t have enough ဆိုပြီး
Error ပြနေတာပါ.. ဒါကို ခဏမေ့ထားပြီး 0.8000 ပြည့်တာနဲ့ ရှယ်ယာသုံးခုကို ၀ယ်လို့ရပြီဆိုပြီး ပြပါလိမ့်မယ်..၀ယ်
လိုက်ပါ…၀ယ်လိုက်ပြီဆိုတာနဲ့MyAccountရဲ့အောက်ဆုံးမှာအောက်ပါပုံအတိုင်းရှယ်ယာသုံးခုဝယ်ပီးကြောင်း ပြပါလိမ့်မယ် 
အိုကေ ရှယ်ယာသုံးခုဝယ်ပြီးသွားပြီဆိုတာနဲ့ သုံးရက်လောက် ပုံမှန်အတိုင်း ကြော်ငြာတွေကို ကလစ်သွားပါ..ရတဲ့ပိုက်ဆံ
တွေကို Rental Balance ထဲသို့ဖြည့်ဖြည့်ထားပါ..သုံးရက်မြောက်ပီဆိုတာနဲ့ ပုံမှာပြထားတဲ့ Referral Clicks တွေ
တက်လာတာတွေ့ရပါလိမ့်မယ်…
Rented Referrals လေးကို ကလစ်လုပ်လိုက်ပါ..အောက်ပုံကိုကြည့်ပါ။ 
အဲဒီမှာ ကျနော်ဝယ်ထားတဲ့ ရှယ်ယာသုံးခုကိုတွေ့ပါလိမ့်မယ်.. ထိပ်ဆုံးက AutoPlay ကို Enabled ထားပေးပါ.
Avg ကိုတစ်ချက်ကြည့်လိုက်ပါ.. အဲဒီမှာ 2 နဲ့ 3 က Avg 3.000 နဲ့ 2.500 အသီးသီးတက်နေကြသော်လည်း.. နံပတ် 1
မှာတော့ ဘားမှမတက်ပါ..အဲဒီအတွက် မြှားအစိမ်းအ၀ိုက်လေး ကိုနှိပ်ပြီး Recycle လုပ်ပေးလိုက်ပါ..ဒါဆိုရင်
နောက်တစ်ရက်နှစ်ရက်လောက်ကျရင် Avg တက်လာတာကိုတွေ့ရပါလိမ့်မယ်.. 
( မှတ်ချက်- ရှယ်ယာဝယ်ပြီးတာနဲ့ Avg တက်မတက်ကို လေးရက်လောက်စောင့်ကြည့်ရပါမယ်..ချက်ချင်းမတက်ပါ..
လေးရက်လောက်စောင့်ကြည့်ပီးလို့ အခြားဟာတွေက Avg တက်သော်လည်း Avg မတက်တဲ့ ရှယ်ယာကိုသော်လည်း
ကောင်း.. Avg 2.000 ထက်မကျော်တဲ့ ကောင်တွေကို Recycle သာလုပ်ပစ်မှာ Avg 0 ကနေပြန်စပါလိမ့်စေ..) 
..
မရှင်းလင်းတဲ့အချက်များ..အမှားများပါရင်လည်း ဆက်သွယ်အကြံပေးဝေဖန်နိုင်ပါတယ…် ကျနော်ကိုယ်တိုင်လဲ
ဒီလုပ်ငန်းစဉ်လေးကို စမ်းသပ်လုပ်ဆောင်နေပါတယ်…အဲဒီအတွက် ကျနော်နဲ့အတူတူ ညီအစ်ကိုမောင်နှမများအနေဖြင့်
လုပ်ဆောင်နိုင်ကြပါတယ်..တစ်ခုခု Error တွေ့ရင်အချိန်နဲ့တစ်ပြေးညီ ဖြေရှင်ချက်များ..နည်းလမ်းများကိုပြောပြပေးသွား
မှာဖြစ်ပါတယ်။
မှတ်ချက် MM It Helper မှ ပြုလုပ်ထားသော pdf စာအုပ်ကို ကိုးကား၍ ပြန်ရေးသည် ။
Read more ...
Your-freedom မှာaccount ဖွင့် ပြီး poxyအလွယ်ကျော်ကြမယ်
Wednesday, December 4, 2013
your -freedom အကောင့် သစ်ဖွင့် ပြီး poxy ကျော်ကြမယ်။ poxy ကကျော်တယ်ဆိုတာဘာလဲ ....? poxy ကျော်တယ်ဆိုတာ ပိတ်ထားတဲ့  website တွေကိုဝင်ရောက်မရနိုင်တဲ့ အခါမျိုးမှာအသုံးပြုကြရပါတယ်။(ဥပမာ-  ) paypal account ကိုမြန်မာနိုင်ငံကနေဖွင့် မယ်ဆိုရင်ဒီနည်းလမ်းကိုအသုံးပြုပြီးဖွင့် နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။
၁။ Register လုပ်ဖို့အတွက် http://www.your-freedom.net/ ကို အရင်ဖွင့်လိုက်ပါ။
၂။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Click here to register ကို နှိပ်လိုက်ပါ။
နောက်ထပ် ထပ်ပွင့်လာတဲ့ Page ကို အောက်မှာပြထားပါတယ်။
Username: Your-freedom အကောင့်အတွက် username ကို ထည့်ပေးပါ။
Password: Your-freedom အကောင့်အတွက် Password ကို ထည့်ပေးပါ။
Repeat Password: အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ပြန်ထည့်ပေးပါ။
Email address: ကိုယ့်ရဲ့ Email လိပ်စာကို ထည့်ပေးပါ။
ပြီးရင် အောက်မှာ မြှားပြထားတဲ့ Check box တွေမှာ ကလစ်ပြီး Check လုပ်ပေးပါ။
အပေါ်မှာ ကိုယ်ရဲ့ အချက်အလက်တွေကို ထည့်ပေးရမယ့် နေရာကို ပြထားတာပါ။ အဲဒါတွေက လုံးဝ အရေးမကြီးပါဘူး။ အဆင်ပြေတာကို ထည့်ပေးနိုင်ပါတယ်။ မဖြည့်ဘဲနဲ့ ကျော်သွားလို့လည်း ရပါတယ်။ ပြီးရင် Submit ကို နှိပ်ပေးပါ။
ပြီးရင် ကျွန်တော်တို့အပေါ်မှာ ထည့်ပေးခဲ့တဲ့ Email လိပ်စာဆီကို အီးမေးပို့လိုက်တယ်ဆိုတဲ့ Page တက်လာပါလိမ့်မယ်။
မေးထဲကိုသွားပြီးတော့ Your-freedom ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ မြှားပြထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ ပြီးရင် အကောင့်ကို Activation လုပ်ခိုင်းတဲ့ Page တက်လာပါလိမ့်မယ်။
ပြီးရင် Username နဲ့ Authorization code ကို အီးမေးထဲကနေ ကော်ပီကူးထည့်ပြီး Activate account ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ကျွန်တော့်တို့ Register လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။
ပြီးရင် ကျွန်တော်တို့ ကွန်ပြူတာမှာ Your-freedom ဆော့ဝဲကို install လုပ်နိုင်ဖို့အတွက် Downloads ကို နှိပ်ပေးပါ။ 
ကိုယ့်ကွန်ပြူတာ OS နဲ့ ကိုက်ညီမယ့် Installer ကို ရွေးပြီး download လုပ်ပြီး install လုပ်ပြီး အသုံးပြုလို့ ရပါပြီ။
credit -to naing aung soe
Read more ...