Showing posts with label Root. Show all posts
Showing posts with label Root. Show all posts

Root လုပ်စရာမလိုပဲ မြန်မာစာထည့်ဖို့ Theme များစုစည်းမူ

Sunday, January 26, 2014





Android OS Run ထားတဲ့ ဖုန်းများ အတွက် ကျွန်တော်တို့ ဆိုင်ကို လာရင် လွယ်လွယ်ထည့်ရင် Theme နဲ့ ထည့်ပေးတယ်ဗျာ အဲ့တော့ ဒီဇိုင်းလှလှလေးကြတော့ ကျွန်တော်တို့ မှာ စုစည်းမှရမှာပေါ့ဗျာ ကဲ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူးဗျာ ဒေါင်းလော့ မသိရင် ဖုန်းဆက်မေးလော့ ...။

Thihahtike
 
 
 





ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download
Read more ...

Samsung Galaxy ဖုန်းအမျိုးအစားတွေ အတွက် Root လုပ်စရာမလိုပဲ မြန်မာစာဖောင့် ထည့်ပေးတဲ့ Apk

Friday, January 17, 2014
Developer ကို မျိုးမင်းလတ် ရဲ့ January, 4, 2014 မှာ ထွက်ရှိတဲ့ Zawgyi-One Flipfont version 3.4 ပါ။
Samsung Galaxy ဖုန်းအမျိုးအစားတွေ အတွက် Root လုပ်စရာမလိုပဲ မြန်မာစာဖောင့် ထည့်ပေးတဲ့ Apk လေးပါ။
 
  

 
 
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
 
Read more ...

Acer Liquid Z3 Root လုပ်ခြင်း + မြန်မာစာ ထည့်သွင်းခြင်း (Without Using Any Computer)

Thursday, January 16, 2014


အကူညီတောင်းထားလို့ပါ .. စမ်းစရာကလည်း မရှိလို့ မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်.... Root လုပ်တာ နားမလည်သေးတဲ့ သာမန် User တွေတောင် အလွယ်တကူ လုပ်တတ်မှာပါ...:) 
Framaroot  ဆိုတဲ့ Root Apk လေးနဲ့ Root လုပ်ရမှာပါ..။

  Framaroot  ဆိုတဲ့ Root Apk လေးက Android ဖုန်းတော်တော်များများကိုလည်း ကွန်ပျူတာမလိုပဲ Phone ထဲမှာတင် အလွယ်တကူ Root လုပ်နိုင်ပါတယ်..။ Framaroot နဲ့ Compatibility ဖြစ်တဲ့ Phone Model အမျိုးစားတွေကို  ဒီမှာ အရင်ဆုံး  ကြည့်နိုင်ပါတယ်..။

Download Framaroot and install it
Install လုပ်မရရင် Phone Settings –> Security မှ တဆင့် Unknown sources  ကို On ပေးပါ..။

How to use Framaroot app:


Steps:

  • Install it on your smartphone.
  • After you have installed it, open Framaroot -à “Install SuperSU
  • Tap on the exploit name for your device and wait for success popup
  • If it doesn’t work, tap on other exploit name listed for your device
  • Succcess popup will appear shortly
  • Reboot your device
  • As soon as phone will turn on, your device will be rooted!

 (Root ဖြစ်မဖြစ် သိချင်ရင် “Root Checker” ကို  Google PLAY store မှ ဒေါင်းယူ Install ပြီး စစ်ဆေးနိုင်ပါတယ်)။။


*** မြန်မာစာ နဲ့ မြန်မာကီးဘုတ် ထည့်သွင်းနည်း ***


မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာနဲ့  မြန်မာစာ နဲ့ Keyboard ကို ထည့်သွင်းဖို့ လွယ်သွားပါပြီ....

Android Version 4.3 အတွက် မြန်မာစာ နဲ့ မြန်မာစာ မမှန်တာမျိုးတွေကို  ကို Djjoe Man (MMF) ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ.....
Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး Super su request တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..။

Android Version 2xx , 4 xx နှင့်အထက် တွေမှာ မြန်မာစာ အဆင်မပြေသေးဘူးဆိုရင် ဒီ ကိုကျော်စွာသွင် ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး  ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ) 
 Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။ ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာမြင်ရမှာပါ..။

MMSD Smart Zawgyi v1.5  ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမှန်စေပါတယ်။ Apk ဖိုင်လ်လေးပါ ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ ..။ မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ..။

Android  Device တွေအတွက် မြန်မာစာတွေ ရေး နိုင်ဖို့ အတွက် မြန်မာ Keyboard  ကို ဒီနေရာမှာ ဒေါင်းယူ Install လုပ်ပါ...။


အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

Read more ...

Android Phone အတွက် အသုံးဝင် Tool ...Romaster Version 3.3.6

Thursday, January 9, 2014
http://cdnpic.mgyun.com//Content/HomeV5/images/P1.jpg

Android ဖုန်းအတွက် အသုံးဝင်တဲ့ Tool လေးပါ။ ဒီကောင်လေးလုပ်နိုင်တာတွေကတော့ အများကြီးပါပဲ။ Vroot ကနေပဲဆင်းသက်လာတာပါ။ ကျွန်တော်သိသလောက်လုပ်နိုင်တာတွေကတော့ 
  • Root
  • Pattern Lock ဖြေ
  • Recovery ၀င်
  • Factory Reset
  • Fastboot Mode ၀င်
  • etc....
လိုအပ်မယ်ထင်ရင် အောက်ကလင့်မှာဝင်ရောက်ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
ဒေါင်းရန်အတွက် ပုံပေါ်မှညာဘက် အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီးဒေါင်းပါခင်ဗျာ

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Read more ...

G610 Font မှန်မှန်ကန်ကန် မြင်ရဖို့ 

Thursday, January 9, 2014

"Huawei G610 Myanmar Font"

ခုတင်ပြမယ့် အကြောင်းအရာကတော့...Huawei G610 မှာ...Myanmar Font ထည့်နည်းကို....အဆင့်ဆင့်တင်ပြသွားမှာ...ဖြစ်ပါတယ်....။


ကျွန်တော်အခုစံမြန်မာကို..သုံးမထားတော့ပါ။DroidSans နဲ့ Zawgyi One ရောသမမွှေပြီး
ဖောင့်တစ်ခုဖြတ်ညှပ်ကပ်လုပ်ထားပါတယ်။ zawgyippလို့အမည်ပေးထားပါတယ်။အကုန်တော့
မမှန်သေးပေမဲ့...ဖတ်လို့တော့...အဆင်ပြေမယ်ထင်ပါတယ်...။လိုအပ်ချက်များကိုလည်း...
တတ်သလောက်မှတ်သလောက်..ဆက်လက်ပြင်ဆင်သွားပါမယ်...။

တရုတ်၊ဂျပန်စတာတွေ..မပျောက်တော့ပါ။

FrozenKeyboard Pro နဲ့လည်း...သုံးလို့ရပါပြီ။
ဒါပေမဲ့..FrozenKeyboard Pro ရဲ့ UI မှာတော့..၀လုံး..လှလှလေးတွေမပျောက်သေးပါ။ :)



ပထမဆုံး...root အရင်လုပ်ပါ။မလုပ်ရသေးပါက...vroot 1.4.2 နဲ့...လုပ်နိုင်ပါတယ်...။

V Root 1.4.2





root ပြီးပြီဆိုရင်တော့....root explorer လေးကို...အောက်မှာ..ဒေါင်းပြီး...သွင်းထားလိုက်ပါ။

Root Explorer

နောက်ထပ်အဆင့်ကတော့....zawgyipp font ဆိုတဲ့..ဇစ်ဖိုင်ကို...ဒေါင်းပါ။




zawgyipp font

အဲဒါလေးကို...ဖြည်လိုက်တဲ့...အခါမှာ...."fallback_fonts" နဲ့ "zawgyipp"ဆိုတဲ့ဖိုင်နှစ်ခုတွေ့ရပါမယ်..။
အဲဒီနှစ်ဖိုင်လုံးကို...ဖုန်းရဲ့ Internal Storage ထဲကို...အရင်ကူးထည့်လိုက်ပါ။

fallback_fontsဆိုတဲ့ xml ဖိုင်ကို root explorer ကို..အသုံးပြုပြီး....figure->01 မှာ..ပြထားတဲ့..အတိုင်း system\etc\ အောက်ကို..ကူးထည့်လိုက်ပါ...။
(ရှိပြီးသား...မူရင်း..နေရာမှာ..အစားထိုးလိုက်တာပါပဲ)

figure 01->

နောက်တစ်ဆင့်ကတော့....zawgyipp ဆိုတဲ့..ဖောင့်ဖိုင်ကို...figure->02မှာပြထားတဲ့အတိုင်း...
system\fonts\ အောက်ကို..ကူးထည့်လိုက်ပါ။
ပြီးရင်တော့...ဘယ်မှ..မသွားဘဲ...ပါဝါ တန်းပိတ်ပြီးပြန်ဖွင့်ပါ။(restart ချပါ။)
ပြန်တက်လာပြီိဆိုရင်တော့...frozenkeyboard 1.1.3 သို့မဟုတ် frozenkeyboard pro ကို...အသုံးပြုပြီးစမ်းကြည့်နိုင်ပါပြီ။

Frozenkeyboard Pro
frozenkeyboard 1.1.3
ပြန်မတက်လာပါက...firmware ပြန်တင်ရပါမယ်...ခင်ဗျာ။
G610-U00 firmware download

figure ->02

အားလုံး...အဆင်ပြေကြပါစေ...။
credit to ငလူ (Nga Luu)
မူရင်းလင့်ကိုသွားကြည့်ချင်ရင်နှိပ်ပါ
Read more ...

Huawei G730 Myanmar Font APK

Thursday, January 9, 2014
 Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ
One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ်
ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှားပါဘူး
G730 အတွက် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် တခြားဖုန်း မော်ဒယ်
မှာ စမ်းလို့ အဆင်မပြေရင် တာဝန်ယူမည် မဟုတ်ပါ
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Read more ...

Huawei Firmware များ

Sunday, December 1, 2013
Read more ...

Zawgyi Font နဲ့ Keyboard ထည်းနည်းပါ

Sunday, December 1, 2013
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1)  Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
For Android ဆိုပြီး Zip File ရလာပါမယ်။


အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
website တွေကို 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ …
Read more ...

Root လုပ်နည်းနဲ့မြန်မာ Fonts ထည့်နည်း

Sunday, December 1, 2013
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။   
Root ဆိုတာ ဘာလဲ .......... ?? 

Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??   
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......  
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 

Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

 

Downloading From Filecould

Downloading From Zippyshare

Downloading From Dropbox

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။

Read more ...

Root Access ရှိတဲ့ ဖုန်းတိုင်းအတွက် : Rom Manager (Premium ) V 5.5.3.2 APK

Saturday, November 30, 2013
 
Root ဖောက်ထားတဲ့ Android user တွေအနေနဲ့ ဆောင်ထားသင့်တဲ့ application တစ်ခုလို့ကျွန်တော်ကတော့ ယူဆမိပါတယ်။ Rom တွေကို version တစ်ခုပြီးတစ်ခုပြောင်းလဲ
အသုံးပြုတတ်တဲ့သူတွေအတွက်တော့ တကယ့်ကိုကောင်းတဲ့ application လေးတစ်ခုပါ။ ပုံမှန်ကျွန်တော်တို့ Firmware တစ်ခုကို update လုပ်မယ်ဆိုရင် power ကိုပိတ်ပြီး
recovery mode နဲ့ဝင်ကာ ကိုယ် install လုပ်ထားတဲ့ firmware update zip file လေးကို ရွေးပေးပြီး firmware တွေတင်တာ၊ update လုပ်တာတွေကို လုပ်ဆောင်ရပါတယ်။
အခုတော့ ဒီ application လေးတစ်ခုရှိရုံနဲ့တင် ကိုယ်လိုအပ်တဲ့ firmware ကို power တွေပိတ်စရာမလို၊ recovery mode တွေဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ROM တွေကို
တင်တာချတာတွေကို လုပ်ဆောင်နိုင်ပါပြီ။ ဒါ့အပြင် ROM အသစ်မတင်ခင်မှာလဲ ရှိပြီးသား အဟောင်းကို Automatic Backups လုပ်ပေးထားတာကိုတွေ့ရတဲ့အတွက် အကောင်းမွန်ဆုံး
စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာမလွဲပါပဲ..ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ထပ်မံသတိပေးပါရစေ။ ဒီ application လေးက Huawei phone နဲ့ဆိုရင် အနည်းငယ် ချို့ယွင်းချက်ရှိတာကို
တွေ့ရပါလိမ့်မယ်။ များသောအားဖြင့် နာမည်ကြီး brand model phone အမျိုးအစားတွေမှာပဲ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

ဒီ application လေးကိုအသုံးပြုလိုသူတွေအနေနဲ့ android version 2.2 နဲ့အထက်ရှိရုံနဲ့အသုံးပြုနိုင်ပါပြီဗျာ။ 




အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 

Download Here

အားလုံးအဆင်ပြေကြပါစေ..

Aung Ko Htet
Read more ...

Huawei Y210 ကို Root ဖို့..

Wednesday, November 27, 2013
Y210 ကို Root ဖို့..
ပထမဆုံး ဆော့ဝဲတစ်ခုကို အောက်ကလင့်(၃)ခုထဲက တစ်ခုခုမှာ ဒေါင်းလိုက်ပါ..
Download or Download or Download
ဒေါင်းပြီးပြီဆိုရင် စရအောင်..
1.ဖုန်းထဲမှာ USB Debugging ကို On ထားပါ
2.Fastboot ကို Off  လုပ်ထားရပါမယ်..
3.Unknow sources ကို အမှန်ခြစ်ပေးထားပါ..
ဒါတွေပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ..
4.Battery ကို ဖြုတ်လိုက်ပြီး ၅/၆ စက္ကန့်လောက်နေရင် ပြန်တပ်ပါ..
5.ဖုန်းရဲ့ Volume Down & Power ခလုတ်နှစ်ခုကိုတွဲဖိထားလိုက်ပါ..
ဖုန်းကပါဝါပွင့်လာပြီး Huawei Logo မှာရပ်နေဆိုရင် Fastboot ဝင်သွားပါပြီ
6. ပြီးရင် ဖုန်းနဲ့ PC နဲ့ ကို ချိတ်လိုတ်ပါ..
7.အပေါ်မှာဒေါင်းခဲ့တဲ့ဖိုင်ကိုဖြည်လိုတ်ရင်အဲဒီအထဲမှာ Y210 Root ဆိုတာပါ ပါတယ်..အဲဒီအထဲမှာ မှ
Run Me.bat ဆိုတာကို Run ဖို့ Enter တချက်ခေါက်လိုတ်ပါ..
သူ့ အလိုလို အလုပ်လုပ်သွားပါမယ်..ပြီးသွားရင် ဖုန်းကို ဓါတ်ခဲဆွဲဖြုတ်လိုတ်ပါ.
ပြီးရင်တော့ ပါဝါပြန်ဖွင့်လိုတ်ပါ Application Munu ထဲမှာ Super Su  ဆိုတာလေးတွေ့ / မတွေ့ ရှာကြည့်ပါအုံး.. တစ်ချို့ဖုန်းတွေက ဒီအဆင့်မှာတင် Root ပေါက်သွားတတ်လို့ပါ.. Super Su ကိုတွေ့ရင်တော့ Root ပေါက်ပြီးပေါ့ဗျာ..
မတွေ့သေးရင် Unlockroot နဲ့ Root လိုက်ပါ.. ကျွန်တော် Unlockroot 3.1 ကို ဒီမှာ တင်ပေးထားပါတယ်..
အဲဒီထဲက ဖိုင်ကိုဖြည်လိုက်ပြီး Install လုပ်လိုက်.. ဖုန်းကို PC နဲ့ချိတ်ပြီး Root ဆိုတာကိုနှိပ်လိုက်ရင် Root နေတာကို တွေ့ရပါမယ်.. ကဲဗျာ.. ဒါကတော့ လုပ်တတ်ပြီးသားဖြစ်မှာပါနှော..

အဆင်ပြေပါစေ..
Read more ...