ဖိတ်ခေါ်ပါတယ်
Sunday, January 5, 2014
အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှူ
၂။ဆေး၊ ဆန်အလှူ
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။
မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။
တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။
ဒီလို ဖိနပ်တွေ စီးကြရပါတယ်။
သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။
သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ
အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။
ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး
အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။
ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။
ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။
ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764
အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁
၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957
မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆
၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1
လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)
ကိုကိုရင့် ကိုယ်စား ပြန်လည်းကူးယူ မျှဝေပါသည်။ ကဲနတ်ပြည်အတူတူ သွားမယ်
အပေါ်မှာ အတူတူ ပြန်ဆုံရအောင် ပါဝင်လှုဒါန်းပေးကြည်ပါလို့  ..........................။
လေးစားစွာဖြင့်............. ပုံ..မောင်တလုံး( ယာယီဂေါပက- ခေတ္တအမတ်လောင်း)
Read more ...
အ​ကောင်းဆုံး android application market
Saturday, January 4, 2014
မကြိုက်​တဲ့သူမရှိဘူးလို့အာမခံပါတယ်
Online app Store ​တော်​​တော်​များများမှာ တစ်​ချို့ application ​တွေက ပိုက်​ဆံ​ပေးဝယ်ရပါ တယ်​ Free ကလွဲရင်​  Download ဆွဲလို့မရပါဘူးလို့ပြပါတယ်
အဲဒီ app ​တွေအားလုံးကို download လို့ရတဲ့
market ဖြစ်​ပါတယ်
မှတ်​ချက်​။ ။ ထို လင့်​ခ်​ကို ခဲရာခဲဆစ်​ရှာထားရပါသည်​။အဆိုပါ app ကို မည်​သည့်​ Cloud Server မှ လက်​မခံပါ ။ အဘယ်​​ကြောင့်​ဆို​သော်​ ဂူဂဲ ပ​လေး စတိုးမှ ​အေပီပီများကို အလကားရယူနိုင်​​သော​ကြောင့်​ အွန်​လိုင်း​ပေါ်မှ ပိတ်​ပင်​တားမြစ်​ခြင်းဖြစ်​ပါသည်
ထို့​ကြောင့်​ ယခု ပို့စ်​တွင်​လည်း ခဲရာခဲဆစ်​ပြုလုပ်​ထားရပါသည်​။
Read more ...
မိမိဖုန်းမှာComputer ပုံစံအတိုင်း လှလှလေးနဲ့ apk များထည့်ချင်နေလား
Saturday, January 4, 2014
မိမိဖုန်းမှာComputer ပုံစံအတိုင်း လှလှလေးနဲ့ apk များထည့်ချင်နေလား
Sdcard ထဲက ဖိုင်များfolder များကို ကြည့်ရှရှာ
ဖွေရန် file manager ကောင်းကောင်းလေး
လိုအပ်နေလား
၅ စက္ကန့် စောင့်ရန်မလို
Skip Ad နှိပ်ရန် မလို
Download လုပ်နိုင်ပါတယ်
Read more ...
Google သုံးရတာလွယ်ကူစေရန်
Saturday, January 4, 2014
(1)ရှာ​ဖွေရန်
-Google တွင်​ အင်​တာနက်​​ပေါ်မှ အချက်​အလက်​များ  ရှာ​ဖွေရန်​  ဒီ​နေရာကိုနှိပ်​ပါ   ထို​နေရာတွင်​ရှာ​ဖွေချင်​​သော
အ​ကြောင်းအရာများကိုရိုက်​ထည့်​၍ မှန်​ဘီလူး​လေးကိုနှိပ်​၍ရှာနိုင်​ပါသည်
-Google မှ We are Sorryြ​ပ​တတ်​ပါသည်​ Yahoo တွင်​ရှာပါ
1. Yahoo              (ရဟူး)
(2)Google အသုံးပြုခြင်း
2.
3.
(3)ထည့်​သွင်းဖန်တီးရန်
2.Android ဖုန်းများ Google Application များ ထည့်သွင်းအသုံးပြုရန်​ ဒီ​နေရာကိုနှိပ်​ပါ
(Huawei ဖုန်းများ root ​ဖောက်​ရန်​လိုသည်​)
3. iPad,iPhone,iPod Touch တို့အတွက်​ Google Apps များကို iTunes App Store တွင်
free ရယူနိုင်​သည်​။ Jailbreak ​ဖောက်​ထားပါက Cybia နှင့်​ အခြား link များတွင်​လည်းရှာနိုင်​သည်
4.ကွန်​ပျူတာသုံးသူများသည်​ Firefox မှဖြစ်​​စေ Chrome မှဖြစ်​​စေ နှစ်​သက်​ရာ Browser တွင်​ ရှာ​ဖွေအသုံးပြုနိုင်​သည်​။ ကွန်​ပျူတာအတွက်​ Google application များကို Chrome Web Store တွင်​ဖြစ်​​စေ Market များတွင်​ဖြစ်​​စေ ရှာ​ဖွေနိုင်​သည့်​အပြင်​ သူများဆီက Copy လုပ်​၍လည်း install လုပ်​နိုင်​သည်
5.Blackberry,Java,Windows Phone နင့်​ အခြား OS များအတွက်​လည်း Google app များ ရရှိနိုင်​ပါသည်
 facebook ပေါ်တွင် သတင်းများ ရယူလိုပါက ဒီနေရာကို နှိပ်ပါ
Read more ...
MP3/MP4 /အခွေလုပ်ချင်သူများသိထားသင့်သောthe best software
Saturday, January 4, 2014
MP3/MP4ပြောင်းချင်တဲ့သူတွေအတွက်အကောင်းဆုံးလို့ပြောလို့ ရ တဲ့
 ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်သုံးကြည့်တာတော်တော်လေး
အဆင်ပြေပါတယ်အထူးသဖြင့်Flasongလေးတွေလုပ်ချင်တဲ့သူများအ
တွက်လည်းMP3 size ပြောင်းလို ရပါတယ်သာမာန်အားဖြင်MP3သီ
ချင်းတစ်ပုဒ်မှာ4MB ရှိတယ်နောflash song လုပ်တဲ့အခါမှာပုံတွေစာ
တန်းတွေထည့်ရင် Memory ပိုပြီးကြီးလာပါတယ်အင်တာနက်မှာ5MB
ကျော်ရင်တင်လို့ ခက်တတ်ပါတယ်အင်တာနက်ချစ်သူတို့ ချော့ကလက်
မြို့ တော်တို့ နောက်မြန်မာချစ်သူစတဲ့ Naing website တွေမှာလည်း
သတ်မှတ်ထားတဲ့ပမာဏ၇ှိနေလေတော့Memory နဲ့ လေuploadတင်
တာမြန်လေနားထောင်တဲ့သူလည်းMemoryသေးတော့LoadingTime
မကြာတော့ဘူးပေါ့ဒါကတော့Flash Song လုပ်ချင်တဲ့သူတွေအတွက်
ပါMP3MP4ပြောင်းချင်တဲ့သူကတော့အခုတင်ပေးတဲ့FormatFactory
ဆော့ဝဲလေးဟာတော်တော်လေးအဆင်ပြေပါတယ်သုံးရတာလွယ်ကူ
တယ်ကောင်းလည်းကောင်းပါတယ်ဗဟုသုတအနေနဲ့ ပြောရရင်တော့
အင်တာနက်ကဒေါင်းလုပ်ယူထားတဲ့ဖိုင်တွေဟာFlash ဖိုင်တွေမလို့ 
အောက်စက်မှာပြန်ဖွင်ဖို့ အခွေနဲ့ ကူးမယ်ဆိုရင်အောက်စက်ကလက်
ခံတဲ့ File type တစ်ခုခုပြောင်းပေးရပါမယ်သူငယ်ချင်းတချို့ ကပြော
တယ်အခွေထုတ်တာဘာမှမလာလို့ တဲ့ကျနော်ကြည့်ကြည့်တော့
File Type မပြောင်းပေးလို့ ပါ အခွေထုတ်ချင်ရင်တော့ MPEG ကို
ပြောင်းပြီးမှထုတ်ကြဖို့ ဗဟုသုတပြောပြတာပါ ဒီဆော့ဝဲကFile Type
မျိုးစုံပြောင်းလို့ ရပါတယ်တစ်ခုထဲနဲ့ အစုံပါတာပေါ့ဟိုးအရင်ကျနော်
သုံးတတ်ခါစက ImToo တို့  Xilisoft တို့ က တစ်မျိုးပဲရတာ VCD to
Mp3 အခုဆော့ဝဲကအကုန်ရတာ MP3 Mp4 3GP MPEG1 MPEG2
All to.. ဆိုတော့ကြိုက်တာလာခဲ့အလိုရှိတာပြောင်းပေးရုံပါပဲနောက်
ဖုန်းတို့ MP3 Player တို့ MP4 Player တို့ ထဲထည့်ချင်တဲ့သူတွေအ
တွက်ပါကျနော့သူငယ်ချင်းတွေပါပဲ VCD အခွေဲထဲကသီချင်းကိုဖုန်း
ထဲထည့်တာမလာလို့ တဲ့ဖြစ်တတ်ပါတယ်ကျနော်လည်းအရင်ကအဲ့
လိုပဲထင်တာပါကျနော်နားလည်လွယ်အောင်ပဲရှင်းပြပါတယ်အောက်
စက်မှာဖွင်တဲ့အခွေလေဖုန်းထဲထည့်ချင်ရင်တော့ကိုယ့်ဖုန်းကလက်ခံ
တဲ့File Type အမျိုးစားပြောင်းပေးရုံပါပဲလို့ ရုပ်မပါချင်တော့ရင်တော့
VCD ကနေ MP3 ပြောင်းလိုက် ရုပ်လေးပါကြည့်ချင်ရင်တော့MP4ကို
ပြောင်းလို့ အကြံပေးလိုက်ပါတယ် နောက်ထပ်ဗဟုသုတကတော့ဖုန်း
တိုင်းMP4 ကိုမဖတ်ပါဘူး တရုပ်ဖုန်းတွေပေါ့သေချာတာကတော့3gp
ကိုပြောင်းရင်ဖုန်းတော်တော်များများမှာအဆင်ပြေပါတယ်ဒါပေမယ့်
3gp ကMP4 လောက်ရုပ်သံQuality မကောင်းတာကိုတော့သတိရပေါ့
ဆော့ဝဲကတော့ဒီမှာ...MP3MP4 ပြောင်းတဲ့ FFTဆော့ဝဲ
ဒီမှာလည်းရတယ်မူရင်းလင့် MP3MP4ပြောင်းတဲ့ဆော့ဝဲ
 အလကားပေးတဲ့ဆော့ဝဲတွေပါ serie key ,Crack ဘာမှမလိုပါဘူး
အားလုံးပျော်ရွှင်နိုင်ပါစေ........မောင်(ခေတ္တလူ့ ပြည်)
Read more ...
Virus သတ်နည်းလေးပါ
Saturday, January 4, 2014
ကိုယ်တိုင်သုံးဖူးလို့ ပြောပြတာပါshar ပေါ့ကိုယ်ပိုင်တော့မဟုတ်ပါဘူးသိပြီးသားတွေနဲ့ မလုပ်နဲ့ နော် မသိသေးတဲ့သူတွေအတွက်ပါဖတ်ဖူးတဲဘလော့တွေကနေပြောပြတာပါ
အင်တာနက်အသုံးပြုနေသူတော်တော်များများဟာ
Memory Stick လေးတွေဆောင်ထားတတ်ကြပါတယ်
ကိုလိုအပ်တာတွေ သိမ်းဆည်းထားဖို့ သီချင်းလေးတွေသိမ်းထားချင်လို့ ဆိုပြီးဆောင်ထားတတ်ကြပါတယ်
တစ်ခါ Cyber မှာ သွားသုံးရင် Stick ထိုးလိုက်တော့ Virus တွေပါလာတတ်ပါတယ်..
Autorun,inf Recycled.exe Rundll32.exe စသဖြင့်ပေါ့ဗျာ...
Stick ထဲမှာတွေ့ ရတတ်တယ်.. ဖျက်လို့ လဲမရ...သတ်ပြန်တော့လဲ မသေ...
USB Disk Security မှာလဲ Delete လုပ်မရ..လုပ်ရလဲခဏပဲ..ပြန်တက်လာတယ်..
အဲဒီလိုလေးတွေမဖြစ်ရလေအောင်..Stick ထဲမှာ ရှိတဲ့ Virus တွေကို
အလွယ်တကူ သတ်နိုင်အောင် နည်းပညာလေးတစ်ခုတင်ပြချင်ပါတယ်..
သိပြီးတဲ့သူငယ်ချင်းတွေလဲရှိကြမှာပါ.. မသိသေးတဲ့သူငယ်ချင်းတွေအတွက်
ရည်ရွယ်ပါတယ်...ကဲဘယ်လိုလုပ်ရမလဲဆိုရင်
notepad တစ်ခုကိုအရင်ဖွင့်လိုက်ပါ
အောက်ပါပြသထားတဲ့ Command တွေကို Copy လုပ်ပြီး
အဲဒီဖွင့်ထားတဲ့ Notepad ထဲကို ထည့်လိုက်ပါ...
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Viruskill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory
Stick ထဲမှာ Save လိုက်ပါ
…အဲဒီ viruskill.bat ဆိုတဲ့ file လေးကိုတော့
မဖျက်ပစ်လိုက်နဲ့...Stick ထိုးတိုင်း အဲဒီ file လေးကို double click
လုပ်ပြီး run လိုက်ပေါ့
…ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus
တွေအကုန်ရှင်းသွားလိမ့်မယ်
…… ကဲအားလုံးပျော်ရွှင်ပါစေ....မောင်(ခေတ္တလူ့ ပြည်)
Read more ...
ကွန်ပျုတာစာစီစာရိုက် သင်လိုသူများအတွက် သိရှိရမယ့် အခြေခံအချက်
Saturday, January 4, 2014
စာစီစာရိုက် ပညာဆိုလျှင် Miscrosoft Office,2003,2007,2010 တို့ ကို  သိရှိနားလည်ဖို့ 
လိုသည်။ အခြေခံအားဖြင့်  စာစီစာရိုက်ဆော့ဝဲ  များစွာရှိသော်လည်း  ယခုလက်ရှိ အခါတွင်မူ
Miscrosoft Office  ကိုသာ  အလေးပေး အသုံးပြုကြသောကြောင့်  သင့်အနေဖြင့် ကွန်ပျုတာ
ဗဟုသုတ အခြေခံတတ်ပြီး  စာစီစာရိုက်ကို သုံးတတ်မည်ဆိုခဲ့လျှင်  သာမာန်ကုပ္မဏီများတွင်
ဝင်ရောက် လုပ်ကိုင်နိုင်ပေလိမ့်မည် ။စာရင်းဇယားများမှာ  ပုံသေသတ်မှတ်ချက် မဟုတ်ကြဘဲ
လုပ်ငန်းတစ်ခုနှင့်တစ်ခု  ကွာခြားနိုင်သောကြာင့်  စာစီစာရိုက်စာရင်း ဇယားဆွဲ  အခြေခံရှိလျှင်
အတော်လေး  အဆင်ပြေနိုင်ပေလိမ့်မည် ။ကျနော်ဆိုလျှင် စာရင်းဇယားဆွဲနည်းအခြေခံကနေ
 လုပ်ရင်းကိုင်ရင်းနဲ့  အလုပ်ထဲက   သင်ပေးသွားတာပါ ။ အခုဆိုရင်  ဆရာပြန်ပြပေးနိုင်ပါတယ် 
ကွန်ပျုတာသင်တန်းကို  ပိုက်ဆံအကုန်ခံပြီး  တစ်လတက်တာနဲ့   ကိုယ်ပိုင်ကွန်ပျုတာမှာကိုယ်
တိုင်လေ့လာတာနဲ့ မတူပါဘူး ။ ဘေးကနေ သင်ပြပေးမယ့် ဆရာလဲရှိမယ် ကိုယ်တိုင်ကလည်း
လေ့လာမယ်ဆိုရင် ၃ရက်အတွင်း စာစီစာရိုက်တတ်အောင်နည်းပေးလမ်းပြလုပ်ပေးနိုင်ပါတယ်
လက်တွေ့ အားဖြင့်ကျနော်နဲ့ အတူနေတဲ့သူငယ်ချင်းတွေ ဘာသင်တန်းမှမတက်ဘူးဆယ်တန်း
လည်းမအောင်ပါဘူးလက်တော့ဝယ်ပြီးလေ့လာတော့Computerbasicအောင်ပြီးသားတွေထက်
အများကြီး အပုံတစ်ရာလောက် သာပါတယ် ဒါကြောင့် ဘွဲ့ ရတွေ ကွန်ပျုတာကျောင်းဆင်းတွေ
မဟုတ်လည်း ကွန်ပျုတာဟာ  လေ့လာမယ်ဆိုအခြေခံပညာ အလယ်တန်းအောင်ရုံနဲ့ အထိုက်
အလျှောက်ပညာရှင်ဖြစ်လာနိုင်ပါတယ်Porgrammer တွေ Designer တွေတော့ မဆိုလိုဘူးပေါ့
ပြောချင်တာက ပညာအခြေခံနည်းခဲ့ပေမယ့်လည်း အားမငယ်ကြဖို့  ညီအကိုမောင်နှမအားလုံး
ကိုဒီနေရာကနေ  ပြောချင်ပါတယ်။ကျလေ့လာသင်ယူမိသမျှ  ပညာများကို ဗဟုသုတရစေချင်
သောစေတနာဖြင့် သိသလောက်  မျှဝေပြောပြသွားမည်  ဖြစ်ပါကြောင်း......... .....................။
အောက်မှာတင်ထားသော စာအုပ်လေးကိုဒေါင်းလုပ်ယူပြီးလေ့လာပါ
 Miscrosoft word စာစီစာရိုက်နည်းပညာအခြေခံစာအုပ်
Read more ...