ဖေ့စ်ဘွတ်ခ်သုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးတရားတွေ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။  
- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။
- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို့ ရပါတယ်။
- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘ၀မှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။
Read more ...
ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ
Wednesday, December 4, 2013
ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။
၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။
၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။
အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
ဆူးချိုး
Ref: mensxp
Read more ...
Adobe Premiere Pro cc 7 ကိုအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်
Wednesday, December 4, 2013
Adobe Premiere Pro cc 7 ကိုအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။ဘာတွေဘယ်လိုသုံးရလဲ
ဆိုတာတော့ အနော်လည်းမပြောပြတတ်ပါဘူး ဘလော့ မှာဆော့ ဝဲလေးတွေစုံစုံလင်လင်ရှိအောင်တင်ပေးတာကလွဲလို့ 
ဘာမှမပြောပြနိုင်တာခွင့် လွတ်ပါ။အသုံးပြုလိုသူများအောက်မှာ
ဒေါင်းပါ။
Or
www.secureupload.eu Part1 www.secureupload.eu Part2 www.secureupload.eu Part3
Read more ...
Rocket Player Premium (Full Version) Andriod ဖုန်းတွေအတွက် အရမ်းလန်းတဲ့ Player လေးပါ။
Wednesday, December 4, 2013
Rocket Player လေးက Andriod ဖုန်းတွေအတွက် Player လေးပါ။ ကျနော်လက်ရှိ သုံးနေတဲ့ Player လေးပါ။ Mp3 တခုထဲ မကပဲ Video ပေါင်းစုံကို Rocket Player တခုတည်းမှာပဲ ဖွင့်လို့ အဆင်ပြေပါတယ်။ အသံလည်း လိုသလို ချိန်လို့ရပါတယ်။ Playstore မှာ US$3.99 ဒေါ်လာ နဲ့ ပေးဝယ်ရတဲ့ Rocket Player Premium Unlocker လည်း တွဲတင် ပေးထားပါတယ်။ သူငယ်ချင်းတို့ Full Version အသုံးပြုနိုင်ပါတယ်။
   Install နည်းကတော့ အောက်ကပေးထားတဲ့ Rock Player.apk နဲ့ Rocket Player Premium Unlocker.apk ကို ၂ခုလုံး Install လိုက်ပါ။ ပြီးရင်တော့ Rocket Player လေးက Full Version အဖြစ် အသုံးပြုနိုင်ပါပြီ။ Andriod Version 2.1 အထက်မှာ အားလုံးအဆင်ပြေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ v2.6.1 ကို တင်ပေးလိုက်တာပါ။ ကြိုက်ရင် အောက်ကလင့်မှာ ဆွဲထားကြနော်။
App Screenshots
 Rocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnailRocket Music Player - screenshot thumbnail
Rocket Player Premium Unlocker - screenshot thumbnail 
အားလုံးအဆင်ပြေပါစေ.......။
Read more ...
Facebook ရဲ့  Free Application နဲ့ တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်ကြမယ်
Wednesday, December 4, 2013
နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။
ပထမဆုံး Deskhop App page ကိုသွားပါ။ “Go to App” ကိုနှိပ်ပါ။
clip_image002
သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။
clip_image004
clip_image006
ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခနတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။
ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း  အလိုလို ဖျက်ပေးမှာပါ။
ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။
Read more ...
Camera 3D
Wednesday, December 4, 2013
Camera 3Dတော်တော်လန်းတယ်ပြောပြမနေတော့ဘူးရဲရဲသာဒေါင်းတော့နော်
Read more ...
အရိုးအရှင်းဆုံးငွေရှာနည်း
Wednesday, December 4, 2013
အွန်လိုင်းမှာငွေရှာနည်းလေးပါ။သိတဲ့ သူတွေမိတ်ဆွေတွေကတော့ ကျော်သွားလိုက်ပါခင်ဗျာ။ကဲစိတ်ဝင်စားတယ်ဆိုရင် 
အောက်မှာလုပ်ပုံလုပ်နည်းကိုအသေးစိတ်ပြထားပေးပါတယ်ခင်ဗျာ။တကယ့် ကိုအရိုးအရှင်းဆုံးနဲ့ အထိအရောက်ဆုံးရှာဖွေနိုင်မဲ့ နည်းလမ်းလေးမို့ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်.
အရင်ဆုံးအနေနဲ့  မိမိတို့ အချိန်ကုန်ပြီးထိုင်ကလစ်စရာမလိုအောင် auto ကလစ်လုပ်နိုင်မဲ့ နည်းလမ်းလေးကိုအရင်ဆုံးမိမိတို့  browser မှာထည့် သွင်းထားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း ADD ON ဆိုတာလေးကိုနိပ်ပေးလိုက်ရုံပါပဲ။
ဒါကတော့ AUTO CLICK လုပ်ပေးမဲ့ ကောင်လေးပါပဲ သူကို့ လည်းဒီမှာ INSTALL လုပ်ရမှာပါ
Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။
အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။
View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ် .
အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…
ကြော်ငြာတွေကို ကလစ်လုပ်တဲ့နေရာမှာ 24 နာရီပြည့်မှ ကြော်ငြာတွေကို ကလစ်ဖို့ အရေအတွက်အသစ်ထပ်
ထုတ်ပေးသွားပါတယ်.
ကျနော်တို့ ကလစ်လို့ရလာတဲ့ငွေတွေက Main Balance ထဲကိုဘဲ ၀င်မှာပါ Mail Balance ထဲမှာ အနည်းဆုံး
$ 0.8000 လောက်ရလာပြီဆိုတာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်စပါတော့မယ်..မ၀ယ်ခင်အရင်ဆုံး Main Balance ထဲက
ရတဲ့ငွေတွေကို Rental Balance ထဲသို့ ပြောင်းပါမယ်..ဘယ်လိုပြောင်းမလဲဆိုရင် Rental Balance
ရဲ့ညာဘက်ပေါ်နားက [ Add Funds ] ဆိုတာကို နှိပ်လိုက်ပါ … အောက်ကပုံကိုကြည့်ပါ။
အဲဒီမှာ ရွေးစရာသုံးခုထဲက Probux MAIN BALANCE ဆိုတာကိုနှိပ်လိုက်ပါ..ပီးရင်အောက်က ပုံကိုဆက်ကြည့်ပါ။
ပုံမှာ $ 0.10 ပြထားတာတွေ့ပါလိမ့်မယ်…အခု အပေါ်က ကျွန်တော် နမူနာ ပြတဲ့ ပုံမှာ ငွေက $ 0.1730 ဆိုတော့ $ 0.10 ထက်တော့ ကျော်နေ
ပါတယ်..ဒီတော့ အဲဒီ $ 0.10 ပမာဏလောက်ကိုဘဲ Rental Balance သို့ရွေ့လိုက်ပါမယ်။ ADD FUNDS ကိုသာနှိပ်
လိုက်ပါ.. ဒါဆိုရင်အောက်က ပုံအတိုင်း Main Balance ထဲက ငွေတွေက Rental Balance ထဲသို့ရောက်သွားတာ တွေ့
ပါလိမ့်မယ် ။
အစက $ 0.1730 ရှိတာ Main Balance ကနေ 0.10 $ ကို Rental Balance ထဲကိုရွေ့လိုက်တော့ ပုံမယ်မြင်တဲ့အတိုင်းပါ
ဘဲ..Main Balance မှာ $0.0730 ဘဲကျန်ပါတော့တယ်.. ကျန်တာက Rental Balance ထဲကိုရောက်သွားပါပြီ.. ဒီလိုနည်း
နဲ့ ကြော်ငြာတွေကို ကလစ်ရင်း Main Balance ထဲမှာငွေတွေများလာတဲ့အခါ Rental Balance ထဲသို့ ရွေ့ပါ..အဲလိုလုပ်
လုပ်ရင်းနဲ့ Rental Balance ထဲမှာ အနည်းဆုံး $0.8000 လောက်ရဘီဆိုရင် ရှယ်ယာ ၀ယ်တဲ့အဆင့် စပါတော့မယ် .
အိုကေ..အောက်မယ်ပြထားတဲ့ ပုံထဲက Rent Referrals ဆိုတဲ့ အရုပ်လေးကို ကလစ်လိုက်ပါ။ 
ကလစ်လိုက်တာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်..အောက်ကပုံကိုကြည့်ပါ..
ပုံမှာမြင်ရတဲ့အတိုင်း ရှယ်ယာ 3 ခု 10 ခု 20 ခု 50 ခု 70 ခု 100 ခု ဆိုပြီးရှိပါတယ်.. ရှယ်ယာ 3ခုကို 0.6 ဒေါ်လာနဲ့
ဝယ်ရပါမယ် အဲဒါတွေကိုဘယ်ကရတဲ့ ငွေနဲ့ဝယ်မလဲဆိုရင် Main Balance ထဲကရတဲ့ငွေကို Rental Balance ထဲသို့
ရွေ့ထားတဲ့ ငွေတွေနဲ့ ၀ယ်ရမှာပါ..မိမိ စုလာတဲ့ငွေတွေက 0.8000 ရနေပြီဆိုတော့ ရှယ်ယာသုံးခုကို စ၀ယ်ပါမယ် ပုံ
မယ်ပြထားတာက ကျနော်စုနေတာ 0.8000 မပြည့်သေးတဲ့အတွက် ၀ယ်လို့မရသေးဘူး don’t have enough ဆိုပြီး
Error ပြနေတာပါ.. ဒါကို ခဏမေ့ထားပြီး 0.8000 ပြည့်တာနဲ့ ရှယ်ယာသုံးခုကို ၀ယ်လို့ရပြီဆိုပြီး ပြပါလိမ့်မယ်..၀ယ်
လိုက်ပါ…၀ယ်လိုက်ပြီဆိုတာနဲ့MyAccountရဲ့အောက်ဆုံးမှာအောက်ပါပုံအတိုင်းရှယ်ယာသုံးခုဝယ်ပီးကြောင်း ပြပါလိမ့်မယ် 
အိုကေ ရှယ်ယာသုံးခုဝယ်ပြီးသွားပြီဆိုတာနဲ့ သုံးရက်လောက် ပုံမှန်အတိုင်း ကြော်ငြာတွေကို ကလစ်သွားပါ..ရတဲ့ပိုက်ဆံ
တွေကို Rental Balance ထဲသို့ဖြည့်ဖြည့်ထားပါ..သုံးရက်မြောက်ပီဆိုတာနဲ့ ပုံမှာပြထားတဲ့ Referral Clicks တွေ
တက်လာတာတွေ့ရပါလိမ့်မယ်…
Rented Referrals လေးကို ကလစ်လုပ်လိုက်ပါ..အောက်ပုံကိုကြည့်ပါ။ 
အဲဒီမှာ ကျနော်ဝယ်ထားတဲ့ ရှယ်ယာသုံးခုကိုတွေ့ပါလိမ့်မယ်.. ထိပ်ဆုံးက AutoPlay ကို Enabled ထားပေးပါ.
Avg ကိုတစ်ချက်ကြည့်လိုက်ပါ.. အဲဒီမှာ 2 နဲ့ 3 က Avg 3.000 နဲ့ 2.500 အသီးသီးတက်နေကြသော်လည်း.. နံပတ် 1
မှာတော့ ဘားမှမတက်ပါ..အဲဒီအတွက် မြှားအစိမ်းအ၀ိုက်လေး ကိုနှိပ်ပြီး Recycle လုပ်ပေးလိုက်ပါ..ဒါဆိုရင်
နောက်တစ်ရက်နှစ်ရက်လောက်ကျရင် Avg တက်လာတာကိုတွေ့ရပါလိမ့်မယ်.. 
( မှတ်ချက်- ရှယ်ယာဝယ်ပြီးတာနဲ့ Avg တက်မတက်ကို လေးရက်လောက်စောင့်ကြည့်ရပါမယ်..ချက်ချင်းမတက်ပါ..
လေးရက်လောက်စောင့်ကြည့်ပီးလို့ အခြားဟာတွေက Avg တက်သော်လည်း Avg မတက်တဲ့ ရှယ်ယာကိုသော်လည်း
ကောင်း.. Avg 2.000 ထက်မကျော်တဲ့ ကောင်တွေကို Recycle သာလုပ်ပစ်မှာ Avg 0 ကနေပြန်စပါလိမ့်စေ..) 
..
မရှင်းလင်းတဲ့အချက်များ..အမှားများပါရင်လည်း ဆက်သွယ်အကြံပေးဝေဖန်နိုင်ပါတယ…် ကျနော်ကိုယ်တိုင်လဲ
ဒီလုပ်ငန်းစဉ်လေးကို စမ်းသပ်လုပ်ဆောင်နေပါတယ်…အဲဒီအတွက် ကျနော်နဲ့အတူတူ ညီအစ်ကိုမောင်နှမများအနေဖြင့်
လုပ်ဆောင်နိုင်ကြပါတယ်..တစ်ခုခု Error တွေ့ရင်အချိန်နဲ့တစ်ပြေးညီ ဖြေရှင်ချက်များ..နည်းလမ်းများကိုပြောပြပေးသွား
မှာဖြစ်ပါတယ်။
မှတ်ချက် MM It Helper မှ ပြုလုပ်ထားသော pdf စာအုပ်ကို ကိုးကား၍ ပြန်ရေးသည် ။
Read more ...