Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

Saturday, November 30, 2013
Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....

နည်းလမ်းကတော့.... အရင်ဆုံး (IDM)  Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...

File types  မှာပုံထဲကအတိုင်း Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)


 OK နှိပ်ပြီး Save လိုက်ပါ...။

ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...


ပြီးရင် ဒီ Link ကို  http://apps.evozi.com/apk-downloader/   နှိပ်လိုက်ပါ...

Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
 

Generate Download Link ကို နှိပ်လိုက်ပါ...

ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
 
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...

အဆင်ပြေကြပါစေ...
Credit >>> ကိုဝင်းကမ္ဘာကျော်
Read more ...

jellay brean 4.1.2 တွေအထက်မှာမြန်မာစာမှန်ပြီ

Saturday, November 30, 2013
Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D


Credit to : https://www.facebook.com/fepfz
Read more ...

android ဖုန်းတွေမှာ wifi ပြန်လွင့် ချင်တဲ့ မိတ်ဆွေတွေအတွက်

Saturday, November 30, 2013
android ဖုန်းတွေမှာ wifi ပြန်လွင့် ချင်တဲ့ မိတ်ဆွေတွေအတွက် ပါ။ အလွန်အင်မတန်မှ ကိုရိုးရှင်းပြီး အသုံးပြုရတာလည်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။အကြောင်းအမျိုးမျိုးကြောင့် စမ်းသပ်ချင်တဲ့ 
မိတ်ဆွေတွေအတွက်ပါ သိထားတာလေးကိုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။
ဒီနေရာမှာ android ဖုန်းတိုင်းနှင့် ကိုက်ညီမှု ရှိမရှိဆိုတာကတော့  အတိအကျပြောလို့ မရနိုင်တာ
ကိုနားလည်ခွင့် လွတ်ပေးကြပါခင်ဗျာ။ သေချာတာကတော့  မိမိတို့ စမ်းသပ်မယ်ဆိုရင်လည်း
အချိန်သိပ်မကုန်ပဲနှင့် တစ်နေရာတည်းမှာ အဆင်ပြေနိုင်ပါတယ်။
လေ့ လာချင်တယ်ဆိုရင်တော့ အောက်မှာ ကြည့် ပေးပါခင်ဗျာ။
(အဆင့် -၁) android ဖုန်းကို main menu ကနေ  setting ကိုသွားပြီး Wireless and networks ကိုသွားပါ။ အောက်မှာပုံနှင့် ကြည့် နိုင်ပါသည်။
1.


(အဆင့် -၂ )  Tethering and the portable hotsopt option မှာ the portable Wi-Fi hotspot ကိုရွေး ပေး ပါ ။
1..


(အဆင့် -၃ )  configure portable Wi-Fi hotspot ကိုနိပ်ပြီး နာမည်နှင့်  password ပေးပါ။

1...

( အဆင့်  - ၄)  အပေါ်မှာ နာမည်နှင့် password များပေးပြီးပါက Wi-Fi hotspot ကိုစစ်ဆေးပေးပါ။
  
မိမိတို့ လက်တော့ ဖြစ်ဖြစ် ဖုန်းမှာဖြစ်ဖြစ် မိမိဖန်တီးခဲ့ သော SSID  name ကိုမြင်တွေ့ ရပါက အောင်မြင်စွာပြီးဆုံးသွားပါပြီ။
Read more ...

System Optimize Expert Pro v3.3.5.8 Full

Saturday, November 30, 2013
System Optimize Expert ကတော့ကွန်ပြုတာထဲကမလိုအပ်တဲ့
ဖိုင်တို့ကို ရှာဖွေ၊ ရှင်းလင်းပြီး စက်ကိုမြန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်၊
ကွန်ပြုတာသုံးနေတုန်း crashမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်၊
ကိုယ်ရဲ့အချက်အလက်တွေကိုလုံခြုံအောင်လည်း IE history၊ recent doc history၊ search history တွေကိုအချိန်သတ်မှတ်ပေးပြီးတော့ရှင်းလင်းနိုင်ပါတယ်၊ ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက်အပြည့်အစုံကိုအောက်မှာဖတ်နိုင်ပါတယ်၊အားလုံးအဆင်ပြေပါစေ။
Download >> Link 1 / Link 2
Key Features:

Overall scanning & repairing:
System Optimize Expert's reliable scanning covers your entire system, giving your PC the full-scale protection by repairing all the errors invalid registry entries, system problems and so on.

System improving: Acting as your private doctor, System Optimize Expert is capable of offering professional diagnosis and treatment to ensure a stable and smooth system and keep it at peak performance.

Offering the easiest operation:

You need not to be a computer talent to handle all its functions, as running System Optimize Expert is as simple as ABC. Try it, you will be totally impressed by its neat interface and solid features.

Free version available:
Not just trial version. It's 100% free for your lifetime usage and upgrades. The scan, repair, optimization, etc. are also available.

Automating protection
Enable the Automated Scan and Sweep, and you can also set a schedule of when and how often System Optimize Expert is about to launch. So you can enjoy the real-time protection without your trouble of clicks.

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
Read more ...

iphone & ipad မှာ အကောင့်များများနဲ့ပွားချင်သူတွေအတွက် IM+ Pro 7.3

Friday, November 29, 2013
http://itunes.apple.com/မှာ 7 ဒေါ်လာပေးရပါတယ်
Download>>>mediafire (or)go4up
Read more ...

IDM has been Fake Serial Number ဖြေရှင်းနည်း

Friday, November 29, 2013
IDM 6.18 .build 7 ကစတင်ပြီး
IDM has been Registered With a Fake Serial Number 
ဆိုတာကြီးက အတော်ကို အာရုံနောက်စေပါတယ်..
ကုစားနည်းပေါင်းစုံလည်း အဆင်မပြေသလို..
patch ပေါင်းစုံ ပြောင်းကြည့်လည်း မထူးပါဘူး.
ရှာတွေ့တော့လည်း တကယ်ကိုလွယ်လွယ်ကူကူပါပဲ..
အရင်ဆုံး C:\Program Files (x86)\Internet Download Manager
ကိုသွားလိုက်ပါ..အဲဒီက IDMGrHlp ဆိုတဲ့ဖိုင်..
ပုံကိုကြည့်ပါ..
 
အ၀ါရောင်တားထားပြီး မြှားပြထားတဲ့ ဖိုင်ကို 
Right click ပေးပြီး Delete လုပ်လိုက်ပါ..
IDM has been Registered With a Fake Serial Number 
ဆိုတာကြီးနောက်မတတ်တော့ပါဘူး..။
မလုပ်ခင်  IDM ကို Exit လုပ်ထားပါ
ဖျက်ပီးတာနဲ့ဖွင့်လိုက်ရင် 
ဆိုတာလေးတော့ ပေါ်လာမယ် ပိတ်လိုက်ပါ 
IDM has been Registered With a Fake Serial Number 
ဆိုတာ မတက်လာတော့ဘူး  IDM အသစ်ဖွင့်တိုင်း အပေါ်ဘောက်လေးတော့
ပေါ်လာမယ်နော် 
မှကူးယူဖော်ပြသည်
Read more ...

CD, DVD ခွေတွေကို virtual image ရိုက်ပြီးအသုံးပြုနိုင်တဲ့ Power ISO version 5.8 (Crack Version )

Friday, November 29, 2013
Power ISO တဲ့ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေကြတဲ့ သူတွေနဲ့ ကွန်ပျူတာ အသုံးများတဲ့ မိတ်ဆွေတွေကတော့ သိကြမှာပါ။ ကျွန်တော်လည်း အရင်တုန်းက ဒါကို ဘာအတွက် အသုံးပြုတယ် ဆိုတာ ကိုမသိပါဘူး။ အခုမှ ဒီ software လေးက virus ရန်ကနေ တော်တော်ကာကွယ်ပေး မှန်း သိလိုက် ရတော့ အသုံးဝင်မှန်းသိလာခဲ့ပါတယ်။ ကျွန်တော်တို့ CD တွေ DVD တွေကို ကွန်ပျူတာထဲကိုကူးလိုက်တဲ့ အခါမှာ ကျွန်တော်တို့ကူးထည့်လိုက်တဲ့ CD , DVD တွေထဲမှာ ပါလာတဲ့  virus တွေက စက်ထဲမှာ ရှိပြီး သား CD, DVD တွေကို တိုက်ခိုက်ဖျက်စီးတော့တာပါပဲ။
ဒါပေမဲ့ ဒီ Power ISO ဆိုတဲ့ software လေးကို အသုံးပြုထားမယ်ဆိုရင် ဒီ software က CD ,DVD တွေရဲ့ ပုံတွေကို virtual image အဖြစ်ပြောင်းလဲ လိုက်တဲ့ အတွက် virus တွေတိုက်ခိုက်ဖျက်စီး မှုရန်ကနေ ကင်းဝေးသွားတာကိုတွေ့ရပါတယ်။ CD, DVD တွေမှာ ပါလာတဲ့ virus တွေကို အကောင်းဆုံးကာကွယ်ပေးမဲ့ software တစ်ခုလို့လည်း ပြောနိုင်ပါ တယ်။ ကျွန်တော်တစ်ခါတည်း 32 bit , 64 bit နှစ်မျိုးစလုံးကို တင်ပေးလိုက်ပါတယ်။ Full Version ဖြစ်အောင် လုပ် ဖို့အတွက် Keygan file လေးတွေ ကိုလည်း Note pad နဲ့ရော application အနေနဲ့ရော နှစ်မျိုးလုံးတင်ပေးထားပါတယ်။   
 
 အောက်က link ကနေ download လုပ်နိုင်ပါတယ်။ 


အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet
Read more ...