Internet Download Manager

Friday, November 29, 2013
Internet Download Manager အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
11လပိုင်း 27 ရက်နေ့မှာ အပ်ဒိတ်လေးထွက်လာပါပြီ .....
Fack Serial Number ဖြစ်မဖြစ် စမ်းပြီး အဆင်ပြေလို့တင်ပေးလိုက်ပါတယ် 
 အသုံးပြုမယ့်သူငယ်ချင်းများ
အနေနဲ့ အောက်ကလိပ်စာမှာရယူုနိုင်ပါတယ် 
 
 
သူမှာလိုင်စင်ရဖို့အတွက် Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်
Patch ဖိုင် က တစ်ချို့သော Fre antivrius တွေနဲ့မတည့်တာမျိုးဖြစ်တတ်ပါတယ်
အဲလိုဖြစ်တဲ့အခါ antivrius ခဏပိတ်ထာပေးပါ 
 
  Install လုပ်နည်းကတော့
IDM အဟောင်းကို ဖွင့်ပြီး Exit လုပ်လိုက်ပါ ပြီးရင် ဒေါင်ထားတဲ့ ဆော့စ်ဝဲလ်ကိုသွင်းပါ
ပြီးသွားရင် စက်ကို restar လုပ်ခိုင်းပါမယ် မလုပ်ပါနဲ့  အဲဒါဆို 
သူလိုင်စင်တောင်းတဲ့ ဘောက်လေးပေါ်လာပါ့မယ် Cancel လုပ်လိုက်ပါ
ပြီးရင် ပါလာတဲ့ Patch ဖိုင်ကိုဖွင့်
 Generate ကိုကလစ် ပြီးတော့ Patchကို ကလစ် 
C:\Program Files\Internet Download Manager\ သွားပြီး ပုံမှာ ပြထားတဲ့
အတိုင်း ရွှေးပြီး Open လိုက်ပါ   ပြီးရင် Auto reg ကိုကလစ် 
ပြီးရင် ဆောစ့်ဝဲလ်ကိုဖွင့်လို့ရပါပီ
Read more ...

Android အတွက် Social Network App များ

Friday, November 29, 2013
အားလုံးအသုံးဝင်စေမယ့် app လေးတွေဖြစ်ပါတယ်
အခု ဒေါင်းလော့လင့်ခ်တွေက Direct Download တွေဖြစ်ပါတယ်
မိတ်ဆွေတွေ အချိန်ကြာမှာစိုးလို့ adf.ly မခံထားပါဘူး

Download နိုင်သည့် android app များရဲ့ လင့်ခ်တွေကတော့
Read more ...

Animated Photo Frame Widget Plus v4.7.3 Apk 12MB

Friday, November 29, 2013
ဒီဆောစ့်ဝဲလ်လေးတော့ ဓာတ်ပုံအများကြီးကို Slideshow လုပ်ပြီး
မိမိဖုန်းနဲ့ မျက်နှာပြင်မှာ Widget အနေနဲ့ထားတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပါတယ် 
အသုံးပြုချင်တဲ့ သူငယ်ချင်းတွေ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Read more ...

Camera Fv 5 v1.58 Full Apk 3MB

Friday, November 29, 2013
Camera FV-5 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 28ရက်နေ့ထွက်လေးပါ
သူလုပ်ဆောင်ချက်တွေကတော့ တော်တော်လေးမိုက်တယ် တကယ့် ကင်မရာ တစ်လုံးအတိုင်းနီးပါဘဲ
ဖုန်းရဲ့ original camera setting ထက်အများကြီးပိုကောင်းအောင် features အလန်းစားတွေထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ဖို့ ရုပ်ထွက်အတွက် အမျိုးမျိုးချိန်ညှိပေးနိုင်ပါတယ်။ Google Play မှာဝယ်ရင် ဈေးကြီးပါတယ်။
မှာလေ့လာပြီး အသုံပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
 
http://www.amyokaungtarr.com
Read more ...

Libon – Voicemail & Free Calls Apk 16MB

Friday, November 29, 2013
Libon ဆိုတဲ့ ဆောစ့်ဝလ်ကို အကိုတစ်ယောက်က ညွန်ပေးလို့ စမ်းကြည့်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်
သူကတော့ အကောင့်ဖွင့်ပြီး နိုင်ငံတော်တော်များများကို ဖုန်း တစ်နာ၇ီ free ပြောလို့ရပါတယ်
ဖုန်းပြောမယ်ဆိုရင် အခေါ်ခံမယ်သူဘက်မှ အင်တာနက်ရှိစရာမလို 
တစ်နာရီတောင်ပြောရမှာဆိုတော့ စမ်းကြည့်ကြပေါ့ဗျာ
http://www.libon.com/ot မှာလေ့လာနိုင်ပါတယ် 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Read more ...

Software မပါပဲ pdf ဖိုင်ပြောင်းနည်း

Friday, November 29, 2013




မင်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..

Read more ...

Windows7 တင်နည်း Format ချနည်းနှင့် Partition ပိုင်းနည်း

Friday, November 29, 2013


ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...

Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။

တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။

Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..


အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..


အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..


ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..

အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...

အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..

ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...



အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...


အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။


နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....


အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
Read more ...